Friday, June 26, 2020

၂၀၂၀ရွေးကောက်ပွဲတွင် ရွေး/ကော်အနေဖြင့် မည်သည့်ပါတီကိုမှ ဘက်လိုက်မှာမဟုတ်ကြောင်း ကော်မရှင်ဉက္ကဌပြောကြား

၂၀၂၀ရွေးကောက်ပွဲမှာ ဘယ်ပါတီကိုမှ မျက်နှာလိုက် ဘက်လိုက်တာမျိုး လုပ်မှာမဟုတ်ဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးလှသိန်းက ကတိပြု ပြောကြားလိုက်ပါတယ်။
ဒီနေ့ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ နိုင်ငံရေးပါတီများနဲ့ ကိုယ်စားလှယ်လောင်းများအတွက် ရွေးကောက်ပွဲဆိုင်ရာ ကျင့်ဝတ် လက်မှတ်ရေးထိုးပွဲမှာ ပြောလိုက်တာပါ။
၂၀၂၀ရွေးကောက်ပွဲက လွတ်လပ်တရားမျှတမှုရှိရမယ်လို့ အာမခံထားပြီးသားဖြစ်ပြီး ပွင့်လင်းမြင်သာမှု၊ ရွေးကောက်ပွဲဖြစ်စဉ်တစ်ခုလုံးကို အများပြည်သူလက်ခံနိုင်မှု၊ ပြည်သူ့ဆန္ဒနဲ့ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်းကျဖို့ ဆောင်ရွက်မယ်လို့လည်း​ ကော်မရှင်ဥက္ကဌက ပြောပါတယ်။
၂၀၁၇နဲ့ ၂၀၁၈ကြားဖြတ်ရွေးကောက်ပွဲတွေမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေက အာဏာရပါတီအပေါ် ဦးစားပေးဆောင်ရွက်နေတယ်ဆိုပြီး ပါတီတစ်ချို့က ဝေဖန်မှုတွေ ရှိခဲ့တာပါ။
မနက်ဖြန်မှာလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ ၂၀၂၀ရွေးကောက်ပွဲကျင်းပဖို့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးသွားမှာဖြစ်ပါတယ်။
၂၀၂၀ရွေးကောက်ပွဲကို အခုနှစ်ထဲမှာပဲ ကျင်းပမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောကြားထားပါတယ်။

0 comments:

Post a Comment