Monday, June 8, 2020

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂဟု ကျောင်းသင်ရိုးထဲတွင် ထည့်သုံးမှုကြောင့် မန္တလေးတိုင်းပညာရေးမှူးရုံးရှေ့မှာ 'ကလေးတွေ အလိမ်ခံရတော့မယ်'ခေါင်းစဉ်နဲ့ စာရွက်များ လာကပ်ထားမှုဖြစ်ပွား

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း ၃၀ ၆၆လမ်းနဲ့ ၆၈လမ်းကြားရှိ မန္တလေးတိုင်းပညာရေးမှူးရုံးရှေ့မှာ 'ကလေးတွေအလိမ်ခံရတော့မယ်'ဆိုတဲ့ ခေါင်းစဉ်နဲ့ စာရွက်တွေကို လာရောက်ကပ်ထားမှု ယနေ့မနက်ပိုင်းကဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ လာကပ်သွားသော စာရွက်ထဲတွင် 'ကိုအောင်ဆန်းဘ၀မှာ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂမှာ တာ၀န်ယူခဲ့တယ်လို့ မရှိဖူးဘူး၊ သူတည်ထောင်ခဲ့တာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ'စတဲ့စာသားတွေလည်းပါ၀င်ပါတယ်။
ဒသမတန်း၊ မြန်မာစာကျောင်းသုံးစာအုပ်အတွင်းက 'ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကျောင်းသားဘ၀နဲ့ ပညာရေးအမြင်' သင်ရိုးညွန်းတန်းစာမျက်နှာမှာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂလို့ သုံးစွဲခြင်းမရှိဘဲ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂဥက္ကဌ လို့ သုံးစွဲထားတာကို ကျေနပ်မှုမရှိသူတွေက ခုလို သမိုင်းအမှားမဖြစ်အောင် ပြုလုပ်တာဖြစ်မယ်လို့ ဗကသအဖွဲ့၀င်တွေရဲ့ ပြောပြချက်အရသိရပါတယ်။
မန္တလေးတိုင်းပညာရေးမှူးရုံးရှေ့က ဆိုင်းဘုတ်နဲ့ ဓာတ်တိုင်အချို့မှာ အခုလိုစာသားများပါတဲ့ စာရွက်တွေကို လာကပ်ထားတာဖြစ်ပြီး သက်ဆိုင်ရာရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးအဖွဲ့၀င်တွေက ပြန်လည်ဖြုတ်သိမ်းသွားတယ်လို့လည်း သိရပါသည်။
ထို့ပြင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂအဖွဲ့ချုပ်က ဒသမတန်း မြန်မာစာမှာ ဗိုလ်ချုပ်အောင်‌ဆန်းကို မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂဥက္ကဌလို့ ထည့်သွင်းသင်ကြားတာကို ကန့်ကွက်တဲ့အနေနဲ့ ယနေ့ညနေပိုင်းက မန္တလေးမြို့လူစည်ကားတဲ့နေရာတွေမှာ လှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့သေးကြောင်းသိရသည်။
လှုပ်ရှားတွင် 'ဗမာလား မြန်မာလား' ခေါင်းစဉ်နဲ့ ဒသမတန်းသင်ရိုးညွန်တန်းတွင်ပါရှိသည့် ဗိုလ်ချုပ်အောင်ဆန်း၏ ကျောင်းသားဘ၀နှင့် ပညာရေးအမြင် သုတဆောင်းပါးမှာ ဗိုလ်ချုပ်အောင်ဆန်းကို မြန်မာန်ုငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂဥက္ကဌလို့ ထည့်သွင်းဖော်ပြမှုကို ဗကသအဖွဲ့ချုပ်အနေနဲ့ ပြင်းထန်စွာကန့်ကွက်ရှုပ်ချကြောင်း ရေးသားထားတဲ့ စာရွက်တွေကို လိုက်လံဝေခဲ့တာဖြစ်သည်။
Source : VOM #Myanmar_Online_News

0 comments:

Post a Comment