Thursday, June 18, 2020

ကိုဗစ်ကပ်ရောဂါကာလအတွင် မလေးရှားတွင် ဒုက္ခရောက်နေသည့် မြန်မာလုပ်သားသုံးဦး ကိုယ်တိုင်အဆုံးစီရင်

ကိုဗစ်ကပ်ရောဂါကာလအတွင်း မလေးရှားနိုင်ငံ၌ အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သားများမှာ အလုပ်လက်မဲ့ဖြစ်မှုနှင့် နေထိုင်စားသောက်ရေး အခက်အခဲများ ကြုံတွေ့နေပြီး ကိုယ်တိုင်အဆုံးစီရင်သွားသည့် မြန်မာလုပ်သားသုံးဦးအထိ ရှိနေသည်။
ဇွန်လ ၁၆ ရက်က ကွာလာလမ်ပူမြို့တွင် အလုပ်လုပ်ကိုင်နေထိုင်သော အသက် (၃၅)နှစ်အရွယ် မြန်မာလုပ် သား အမျိုးသမီး သည် နေထိုင်စားသောက်ရေး ခက်ခဲလာ၍ ကိုယ်တိုင်အဆုံးစီရင်သွားခဲ့သည်။ အဆိုပါ အမျိုးသမီးသည်ဧရာဝတီတိုင်း မြောင်းမြမြို့ဇာတိဖြစ်သည်။
ဇွန်လ ၁၃ ရက်တွင် စလန် ဂေါပြည်နယ် ရာဝမ်းမြို့တွင် အ လုပ်လုပ်ကိုင်နေသော အသက်(၃၀)အရွယ် မြန်မာလုပ်သား အမျိုးသားသည် ထိုကဲ့သို့ပင် အဆုံးစီရင်သွားခဲ့သည်။ ၎င်းမှာမကွေးတိုင်း တောင်တွင်းကြီးမြို့ နယ်မှ ဖြစ်သည်။
မေလနောက်ဆုံးပတ်က လည်း အီပို့မြို့၌ အလုပ်လုပ်ကိုင် နေသော အသက် (၄၂)နှစ်အရွယ် မြန်မာလုပ်သား အမျိုးသားလည်း အဆုံးစီရင်သွားခဲ့သည်။
ထိုသို့ အဆုံးစီရင်သွားသည့် မြန်မာလုပ်သား သုံးဦးသည် တရားမဝင်နေထိုင် အလုပ်လုပ်ကိုင်နေ သူများဖြစ်ပြီး အလုပ်လက်မဲ့ဖြစ် မှုကြောင့် နေထိုင်စားသောက်ရေး အခက်အခဲဖြစ်နေသည့် မြန်မာ လုပ်သား ထောင်နှင့်ချီရှိနေ ကြောင်း မလေးရှားရောက် မြန်မာလုပ်သာများအရေး ကူညီပေးနေ သော ကပ်ပုန်းနာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးစန်းဝင်းက ပြော သည်။
‘‘တတ်နိုင်သလောက်တော့ ကူညီမှုတွေပေးနေပါတယ်။ စက်ရုံတွေပိတ်၊ အလုပ်ပြုတ်သွားတဲ့သူတွေက ထောင်ချီရှိတယ်။ အဲဒီမှာ တရားမဝင်ဖြစ်နေတဲ့သူတွေ ကို ပိုပြီးဒုက္ခရောက်တယ်။ မြန်မာပြည်လည်း ပြန်မရ၊ ဒီမှာဆက်နေဖို့ကလည်း အခက်အခဲတွေ ဖြစ်’’ဟု ဦးစန်းဝင်းက ပြောသည်။
ထိုသို့ အခက်အခဲဖြစ်နေ သော မြန်မာလုပ်သားများကို တာဝန်ရှိသူများအနေဖြင့် နေရပ် သို့ ပြန်လည်ပို့ ဆောင်ပေးရန် ကြိုးပမ်းဆောင်ရွက်စေချင်ကြောင်း မလေးရောက် မြန်မာအဖွဲ့အ စည်းများက ဆိုသည်။
မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးအနေဖြင့် မြန်မာနိုင်ငံ သားများကို ကိုဗစ်ကာလအတွင်း နေရပ်ပြန်ပို့ပေးသည်မှာ လူဦးရေ ၆၀၀ ခန့်ရှိကြောင်း မြန်မာသံရုံး အုပ် ဦးနိုင်မင်းက ပြောသည်။
မလေးရှားနိုင်ငံတွင် ပိတ်မိ နေသော မြန်မာနိုင်ငံသား ၂၀၀ ကို နှစ်သုတ်ခွဲ၍ နေရပ်ပြန်ပို့ပေးပြီး အကျဉ်းစခန်းများ လွတ်မြောက် လာသူ ၄၀၀ ခန့်ကိုလည်း နေရပ် ပြန်ပို့ပေးခဲ့ကြောင်း ဦးနိုင်မင်းက ပြောသည်။
‘‘ကျွန်တော်တို့ သံရုံးအနေနဲ့ လည်း အချို့အချို့သော ပရဟိတ အဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ ကူညီပေးတာ ရှိပါတယ်။ ပြန်ချင်တယ်ဆိုပြီးတော့ အကူအညီ တောင်းလာတွေရှိတယ်။ ကျွန်တော်တို့ကလည်း စီစဉ်ပေးနေတာရှိတယ်။ စီစဉ်ပေးခဲ့တာလည်းရှိတယ်။ နောက်လည်း ပြန်ပို့ဖို့အ တွက် ရုံးချုပ်ကို သတင်းပို့ပြီး ထပ်ပြီး ပြန်ပို့ပေးမယ့် အစီအစဉ်တွေ ရှိပါသေးတယ်’’ဟု ၎င်းက ပြော သည်။ သို့သော် မလေးရှားနိုင်ငံ တွင် တရားမဝင်နေထိုင်သူများအ နေဖြင့် တရားဝင်နည်းလမ်းဖြင့် နေရပ်ပြန်ရန် မလွယ်ကူကြောင်းနှင့် နှစ်နိုင်ငံ အစိုးရတာဝန်ရှိသူများ ၏ ညှိနှိုင်းဆောင်ရွက်ပေးမှသာ နေရပ်ပြန်ခွင့်ရမည်ဖြစ်ကြောင်း ဦးစန်းဝင်းက ပြောသည်။
ထို့ကြောင့် တရားမဝင် မြန်မာလုပ်သားအချို့မှာ တရားမဝင်နည်းလမ်းဖြင့် အောက်လမ်းမှတစ်ဆင့် နေရပ်ပြန်သွားသူများ လည်းရှိကြောင်း ၎င်းက ဆက် လက်ပြောသည်။
မလေးရှားနိုင်ငံတွင် တရားဝင်မြန်မာလုပ်သား သုံးသိန်းခန့်ရှိရာ တရားမဝင်နေထိုင်သူများလည်း သိန်းဂဏန်းရှိကြောင်း မြန်မာအဖွဲ့အစည်းများက ခန့်မှန်းသည်။ လက်ရှိ ကိုဗစ်ကပ် ရောဂါ ကာလအတွင်း၌ စက်ရုံ၊ အလုပ်ရုံများ ပိတ်ထား၍ မြန်မာလုပ်သားများမှာ နေထိုင်၊ စား သောက်ရေး အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း မြန်မာ အဖွဲ့အစည်းများက ဆိုသည်။
ပြီးခဲ့သည့် ဧပြီလပိုင်းတွင် မလေးရှားရောက်မြန်မာလုပ်သား ၃၀ ကျော် ရောဂါကူးစက်ခံခဲ့ရ သည်။ ဧပြီ ၁၂ ရက် ညကလည်း စီဘန်းမြို့ရှိ လက်အိတ်စက်ရုံ၌ အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သားများသည် သြင်္ကန်အကြို နေ့ ညက လူစုလူဝေးဖြင့် သြင်္ကန်ပွဲကျင်းပမှုကြောင့် မြန်မာလုပ် သား ၆၂ ဦးကို မလေးရှား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
Ref ; 7Day

0 comments:

Post a Comment