Monday, June 22, 2020

ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လေးနှစ်တာကာလအတွင်း ရဲတပ်ဖွဲ့ဝင် ကိုးထောင်ကျော် အရေးယူထားပြီး ရဲမှူးချုပ် အဆင့်များလည်းပါဝင်ကြောင်း ဒုရဲချုပ် ပြောကြား

မနေ့က ကျင်းပခဲ့သော ပြည်ထဲရေးဝန်ကြီးဌာန၏ ပြည်သူ့အတွက် စတုတ္ထ တစ်နှစ်တာကာလ အတွင်း ဆောင်ရွက်ခဲ့မှုများနှင့်စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲတွင် လက်ရှိ အစိုးရလက်ထက် ၂၀၁၆ ခုနှစ်မှ စ၍ ၂၀၂၀ ခုနှစ် အတွင်း အရေးယူခံရသည့် ရဲတပ်ဖွဲ့ဝင်ပေါင်း ၉၀၀၀ ကျော်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှသိရသည်။
ဇွန်လ ၂၂ ရက်က ကျင်းပပြုလုပ်ခဲ့သည့် အစိုးရ၏ ပြည်သူ့အတွက် စတုတ္ထ တစ်နှစ်တာကာလ အတွင်းဆောင်ရွက်ခဲ့မှုများနှင့်စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများ၏ မေးမြန်းမှု အပေါ် ဒုတိယရဲချုပ် မျိုးဆွေဝင်းက ထိုသို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“လေးနှစ်တာ ကာလ မှာဆိုရင် ၂၀၁၆ ခုနှစ်မှာဆိုရင် ၁၃၈၅ မှု အရေးယူတယ်။အဲ့ဒီမှာ အရာရှိ ၆၄၃ ယောက် အခြားအဆင့် ၁၂၈၇ ယောက်အရေးယူထားပါတယ်။ ၂၀၁၇ ခုနှစ်မှာ ၁၅၄၃ မှု အရေးယူတယ် ။ အဲ့ဒီမှာ အရာရှိ ၅၉၈ ယောက် အခြားအဆင့် ၁၄၄၃ ယောက် ။ ၂၀၁၈ ခုနှစ်မှာ ဆိုရင် ၁၉၂၃ မှု အရေးယူတယ်။ အရာရှိ၆၅၆ ယောက် ၊ အခြားအဆင့် ၁၆၉၉ ယောက် ၂၀၁၉ ခုနှစ်မှာ ဆိုရင် ၁၉၀၂ မှု အရာရှိ ၆၅၄ ဦး အခြားအဆင့် ၁၅၉၉ ဦး ၊ အခု ၂၀၂၀ ပြည့်နှစ် မေလ အထိ ဆိုရင် ၇၆၆ မှုရှိပြီ။ အားလုံးပေါင်း အရာရှိ ၂၈၁၇ ဦးနဲ့ အဆင့် ၆၇၃၀ တို့ အရေးယူထားပါတယ်”ဟု ဒုတိယရဲချုပ် မျိုးဆွေဝင်းက ပြောသည်။
ထိုသို့ အရေးယူခံရမှုတွင် ရဲမှူးချုပ် နှစ်ဦးလည်းပါဝင်ခဲ့ပြီး အဂတိလိုက်စားမှုကြောင့်လည်း အရေးယူထားသည့် အမှုသည် ၁၈ မှုရှိကာ အရေးယူခံရသည့် ရဲ အရာရှိသည် ၁၉ ဦးရှိကြောင်း သိရသည်။
ထိုသို့ အရေးယူရခြင်းသည် ၁၉၉၅ ခုနှစ်က ရေးဆွဲထားသည့် ရဲစည်းကမ်း ဥပဒေ အရ အရေးယူခြင်းဖြစ်ကြောင်း ဒုတိယရဲချုပ် မျိုးဆွေဝင်း၏ ပြောကြားချက်အရသိရှိခဲ့ရပါသည်။
Crd : သတင်းစာရှင်းလင်းပွဲ #Myanmar_Online_News

0 comments:

Post a Comment