
ဘားအံမြို့ ဇွဲကပင်တောင်တက်ရင်း အမျိုးသမီးတစ်ဦး ပျောက်ဆုံးသွားပြီး မီးသတ်တပ်ဖွဲ့ဝင်များ ဒီကနေ့ မနက်က စတင်ပြီးရှာဖွေမှု စတင်ပြုလုပ်နေပါတယ်။
ပျောက်ဆုံးသွားတဲ့ အမျိုးသမီးဟာ မနေ့က (၆) နာရီခန့်က တောင်အောက်ဆင်းရင်း ပျောက်ဆုံးသွားတာဖြစ်ပါတယ်။
အမျိုးသမီးငယ်လေးဟာ သတ္တဗေဒမှ တက္ကသိုလ်ကျောင်းသူ အမျိုးသမီးငယ်တစ်ဦးဖြစ်ပြီး ယခုအခါ ဇွဲကပင်တောင်ကို Drone များလွှတ်တင်ပြီး ရှာဖွေ ကယ်ဆယ်ရေးတွေ လုပ်နေပါတယ်။
တောင်ခြေမှာ သူမ၏ ဆိုင်ကယ်ရှိနေသေးပြီး အလှူခံဌာနတွင် ငွေ (၅၀၀၀) ကျပ်လှူဒါန်းပြီး တောင်ပေါ်သို့တက်ရောက်ကာ ပျောက်ဆုံးသွားခြင်းဖြစ်ပါသည်။သူမ၏ ဖိနပ်ကိုလဲ ဇွဲကပင်တောင်တစ်နေရာတွင် တွေ့ရှိထားရပါတယ်။





Crd : အောင်မင်းနိုင်
0 comments:
Post a Comment