Monday, June 8, 2020

ကြိုးကြာကန် ကျေးရွာမှ ဆေးရုံဆင်းလူနာ လိုက်လံပို့ဆောင်သည့် လူမှုကူညီရေးအဖွဲ့အား ဓားကိုင်ရန်ပြုသူကို ပုဒ်မသုံးခုဖြင့် အမှုဖွင့်အရေးယူထား

မကွေးမြို့နယ်၌ ဆေးရုံမှဆင်းလာသည့်လူနာကို လိုက်လံပို့ဆောင်သည့်ကူညီရေးအဖွဲ့အား လူနာ၏သားဖြစ်သူက ရန်ပြုခြိမ်းခြောက်သဖြင့် ရဲတပ် ဖွဲ့က ဖမ်းဆီးခဲ့သည်။
ကြိုးကြာကန် ကျေးရွာမှ အသက် (၇၃) နှစ်အရွယ်ရှိ ဆေး ရုံဆင်းလူနာအား ရောင်စုံမေတ္တာ ကူညီ ကယ်ဆယ်ရေးအဖွဲ့(မကွေး) မှ ဇွန်လ ၆ ရက်တွင် လိုက်လံပို့ဆောင်စဉ် လူနာ၏ သားဖြစ်သူမှာ ကြိုးကြာကန်ကျေး ရွာ မရောက်မီတွင် ဓားကိုင်၍ ခြိမ်းခြောက်ခဲ့သဖြင့် ကူညီသူများ မှာ ရဲစခန်းသို့ အကူအညီတောင်း ခဲ့ရကြောင်း အသင်းတာဝန်ရှိသူ က ပြောသည်။
‘‘လူနာက ကံကောင်းချင် တော့ သူ့သားက ကားတံခါးကိုဆွဲ လှပ်တော့ ကားတံခါးက Lock ကျနေပြီး ဖွင့်မရဘူး။ အဲဒါနဲ့ ကား ဘီးတွေကို ဓားနဲ့ထိုးဖောက် တယ်။ ကားကိုဖျက်ဆီးတယ်’’ ဟု အသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါအသက် (၃၀) နှစ် အရွယ်ရှိအမျိုးသားအား ရဲတပ် ဖွဲ့က သွားရောက်ဖမ်းဆီးရာတွင် ဓား၊ သံတူရွင်းများဖြင့် ပြန်လည် ခုခံခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။
‘‘ရဲတွေ ရောက်လာတော့ လည်း တရားခံက (၅) နှစ်အရွယ် ပဲရှိသေးတဲ့ သူ့သမီးကို နောက် ကျောပေါ်ပိုးပြီး ခုခံနေတာ။ ကျောပိုးထားတဲ့သမီးကို အနု နည်းနဲ့ ချော့မော့ခေါ်ယူပြီး သေ နတ်နဲ့ ခြိမ်းခြောက် ဝင်လုံးပြီး ရဲ တွေဖမ်းခဲ့ရတယ်’’ ဟု မျက်မြင် တစ်ဦးက ပြောသည်။
ခြိမ်းခြောက် ရန်ပြုသူသည် နေအိမ်ပေါ်မှ ခုန်ချထွက်ပြေးစဉ် ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သဖြင့် မကွေးတိုင်း ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ရဲမှတ် တမ်းတွင်ဖော်ပြထားသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ခြိမ်းခြောက်ရန်ပြုသည့် အမျိုးသားကို မကွေးမြို့နယ်ရဲစခန်းက လက်နက်ဥပဒေပုဒ်မ ၁၉ (င) နှင့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၃၂၊ ၂၄၉၊ ၅၀၆ တို့ဖြင့် အမှုဖွင့်ထားကြောင်းသိရသည်။

0 comments:

Post a Comment