Friday, June 26, 2020

ရွှေစက်တော်ဘေးမဲ့တော၌ နှစ်စဉ် ကြယ်လိပ်ဥ ၁၀၀၀ ကျော်ဥပြီး ၅၀ ရာခိုင်နှုန်း အသက်ရှင်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ၊ရွှေစက်တော်ဘေးမဲ့တောရှိ ကြယ်လိပ်ခြံများတွင် နှစ်စဉ်ကြယ်လိပ်ဥအလုံးရေ တစ်ထောင်ကျော် မိတ်လိုက်ဥခြင်းမှ ရရှိနေပြီး အကောင်ပေါက်ဖွားအသက်ရှင်နှုန်းမှာ ၅၀ရာခိုင်နှုန်း ရှိကြောင်း ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
ကြယ်လိပ်တွေက တစ်နှစ်ကို နှစ်ကြိမ် ၊ သုံးကြိမ်လောက် မိတ်လိုက်ပြီး ဥတတ်ပါတယ်။ ၂၀၁၉ခုနှစ် ထဲမှာ ဥအလုံးရေ ၁၁၅၀ ဥပြီး ၅၀၇ ကောင်မွေးဖွားပြီးတော့ (၉၃)ကောင် သေဆုံးသွားကြောင်း သိရပါတယ်။
၂၀၂၀ ခုနှစ်တွင် ဥ သားပေါက် အထီး(၄၂)ကောင် ၊ အမ(၉၇)ကောင် ၊ စုစုပေါင်း(၁၃၉)ကောင် ရှိနေပြီး မိုးအကုန် စက်တင်ဘာလပိုင်းမှာ ထပ်မံဥမည့် ကာလဖြစ်ကြောင်း ၊ ဘေးမဲ့တော ကြယ်လိပ်ခြံများတွင် ကြယ်လိပ်အကောင် ရေ ၁၀၂၅ ကောင် ကို လတ်တလော ထိန်းသိမ်းမွေးမြူထားကြောင်း သိရှိရသည်။
ရွှေစက်တော် ၊ လောကနန္ဒာ ၊ မင်းစုံတောင်စသည့် ကြယ်လိပ်ခြံများမှ ၅နှစ်ပြည့်ပြီး ကြယ်လိပ်များကိုယူကာ ရွှေစက်တော် ဘေးမဲ့တောနှင့် ၂၆မိုင်ကွာဝေးသည့် နေရာတစ်ခုတွင် နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်သည့် WCS ၏အစီအစဉ်ဖြင့် တစ်နှစ်ခြံလှောင်လေ့ကျင့်ပေးပြီး တောအတွင်း သဘာဝအတိုင်းရှင်သန်နိုင်အောင် လွှတ်ပေးနေကြောင်း သိရသည်။
Ref-The Mirror Daily #Myanmar_Online_News
>>zawgyi<<

0 comments:

Post a Comment