Thursday, June 18, 2020

အွန်လိုင်းလောင်းကစားဟိုတယ်အား ထိုင်းအာဏာပိုင်များ ဝင်ရောက်စီးနင်း မြန်မာ-ထိုင်း နဲ့ တရုတ် နိုင်ငံသား ၂၀၀ နီးပါး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့ 79/9 inthrakiri road ၇၉/၉ အင်ထရခီရီလမ်း က F4 အမည်နဲ့ လေထပ်အဆောက်အဦး ဟိုတယ်ကို ဇွန်လ ၁၇ရက်နေ့ညနေက မှုခင်းနိမ်နင်းရေး အထူးတပ်ဖွဲ့ အမှတ်(၆) ရဲတပ်ဖွဲ့နဲ့စစ်တပ် အပါအပါအဝင် အဖွဲ့ဝင် အင်အား ၅၀နီးပါးနဲ့ ဝင်ရောက် ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ဟိုတယ်အတွင်းမှာ မြန်မာ-ထိုင်းနဲ့ တရုတ်နိုင်ငံသား လောင်းကစားဝန်ထမ်း ၁၈၅ ယောက် နဲ့အတူ ကွန်ပြူတာအလုံး ၁၀၀ ဘဏ်စာအုပ်တွေပါသက်သေအဖြစ် ဖမ်းဆီးနိုင်ခဲ့ပေမယ့် လောင်းကစားဟိုတယ် ပိုင်ရှင်တရုတ်နိုင်ငံသားကတော့ ထွက်ပြေးလွတ်မြောက်သွားကြောင်း ထိုင်းသတင်းတွေမှာဖေါ်ပြနေပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါကာလမှာ မဲဆောက်မြို့နယ်အတွင်းမှာ ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့နယ်အတွင်းမှာ တရုတ်နိုင်ငံသားပိုင် လောင်းကစားရုံတွေ အများအပြား လာရောက်အခြေစိုက် ဖွင်လှစ်လာကြကြောင်း နယ်မြေခံတွေရဲ့ သတင်း ပေးတိုင်ကြားမှုတွေကြောင့် အခုလို အထူးမှုခင်း နိမ်နင်းရေးတပ်ဖွဲ့တွေက ဖေါ်ထုတ်ဖမ်းဆီးနေတာဖြစ်ပါတယ်။
မြန်မာနိုင်ငံ မြဝတီအာဏာပိုင်တွေက လောင်းကစားရုံတွေကို ရှင်းလင်းဖမ်းဆီးနေတာကြောင့်လည်း လောင်းကစားရုံ ပိုင်ရှင်တွေဟာ ထိုင်းဘက်ကမ်းကို ပြောင်းရွေ့အခြေစိုက်လာကြတာလို့ သိရပါတယ်။
လောင်းကစားရုံသွားစရာမလိုပဲ ဖုန်းတစ်လုံးရှိရင် ကစားနိုင်တဲ့ အွန်လိုင်းဂိမ်း လောင်းကစား မျိုးစုံ ကို ထိုင်းနဲ့ မြန်မာလူငယ်တွေ သာမက စီးပွားရေးသမားတွေပါ စွဲလာနေတာတွေ့ရပါတယ်။
ထိုင်းအစိုးရကတော့ အွန်လိုင်းဂိမ်းဆိုင်ရာ တရားမဝင်ကစားနေသူ ကြော်ငြာပေးနေသူတွေကို ဥပဒေအရ တားမြစ်ထားပြီး ဖမ်းဆီးအရေးယူမှုတွေဆက်တိုက် ပြုလုပ်နေတာ တွေ့ရပါတယ်။
>>zawgyi<<
အွန်လိုင်းလောင်းကစားဟိုတယ် အား ထိုင်းအာဏာပိုင်များ ဝင်ရောက်စီးနင်း မြန်မာ-ထိုင်း နဲ့ တရုတ် နိုင်ငံသား ၂၀၀ နီးပါး ဖမ်းဆီးခံရ
Thursday, June 18, 2020
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့ 79/9 inthrakiri road ၇၉/၉ အင်ထရခီရီလမ်း က F4 အမည်နဲ့ လေထပ်အဆောက်အဦး ဟိုတယ်ကို ဇွန်လ ၁၇ရက်နေ့ညနေက မှုခင်းနိမ်နင်းရေး အထူးတပ်ဖွဲ့ အမှတ်(၆) ရဲတပ်ဖွဲ့နဲ့စစ်တပ် အပါအပါအဝင် အဖွဲ့ဝင် အင်အား ၅၀နီးပါးနဲ့ ဝင်ရောက် ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ဟိုတယ်အတွင်းမှာ မြန်မာ-ထိုင်းနဲ့ တရုတ်နိုင်ငံသား လောင်းကစားဝန်ထမ်း ၁၈၅ ယောက် နဲ့အတူ ကွန်ပြူတာအလုံး ၁၀၀ ဘဏ်စာအုပ်တွေပါသက်သေအဖြစ် ဖမ်းဆီးနိုင်ခဲ့ပေမယ့် လောင်းကစားဟိုတယ် ပိုင်ရှင်တရုတ်နိုင်ငံသားကတော့ ထွက်ပြေးလွတ်မြောက်သွားကြောင်း ထိုင်းသတင်းတွေမှာဖေါ်ပြနေပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါကာလမှာ မဲဆောက်မြို့နယ်အတွင်းမှာ ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့နယ်အတွင်းမှာ တရုတ်နိုင်ငံသားပိုင် လောင်းကစားရုံတွေ အများအပြား လာရောက်အခြေစိုက် ဖွင်လှစ်လာကြကြောင်း နယ်မြေခံတွေရဲ့ သတင်း ပေးတိုင်ကြားမှုတွေကြောင့် အခုလို အထူးမှုခင်း နိမ်နင်းရေးတပ်ဖွဲ့တွေက ဖေါ်ထုတ်ဖမ်းဆီးနေတာဖြစ်ပါတယ်။
မြန်မာနိုင်ငံ မြဝတီ အာဏာပိုင်တွေက လောင်းကစားရုံတွေကို ရှင်းလင်းဖမ်းဆီးနေတာကြောင့်လည်း လောင်းကစားရုံ ပိုင်ရှင်တွေဟာ ထိုင်းဘက်ကမ်းကို ပြောင်းရွေ့အခြေစိုက်လာကြတာလို့ သိရပါတယ်။
လောင်းကစားရုံသွားစရာမလိုပဲ ဖုန်းတစ်လုံးရှိရင် ကစားနိုင်တဲ့ အွန်လိုင်းဂိမ်း လောင်းကစား မျိုးစုံ ကို ထိုင်းနဲ့ မြန်မာလူငယ်တွေ သာမက စီးပွားရေးသမားတွေပါ စွဲလာနေတာတွေ့ရပါတယ်။
ထိုင်းအစိုးရကတော့ အွန်လိုင်းဂိမ်း ဆိုင်ရာ တရားမဝင်ကစားနေသူ ကြော်ငြာပေးနေသူတွေကို ဥပဒေအရ တားမြစ်ထားပြီး ဖမ်းဆီးအရေးယူမှုတွေဆက်တိုက် ပြုလုပ်နေတာ တွေ့ရပါတယ်။

0 comments:

Post a Comment