Friday, June 26, 2020

(၃၃)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် မန္တလေးတွင် မူးယစ်ဆေးဝါးများဖျက်ဆီးမှုပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊အောင်မြေသာစံမြို့နယ်၊ ဥပုဒ်တော်ရပ်ကွက်ရှိ ရွှေမန်းတောင်အားကစားကွင်း၌ ပြုလုပ်သည့် ၂၀၂၀ ပြည့်နှစ်၊ဇွန်လ (၂၆) ရက်နေ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုတရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ ဖမ်းဆီးရမိမူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများမီးရှို့ဖျက်ဆီးခြင်းအတွက်မန္တလေးတိုင်းဒေသကြီး၊စစ်ကိုင်းတိုင်းဒေသကြီး၊ကချင်ပြည်နယ်နှင့် မြန်မာနိုငံငံအထက်ပိုင်းဒေသများ၊ အလယ်ပိုင်းဒေသများမှ ဖမ်းဆီးရမိသည့် ဘိန်း ၅၃၉ ကီလိုကျော်၊ ဘိန်းဖြူ ၂၆၂ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၆ သန်းကျော်၊ အိုက်စ် ၂၀ ကီလိုကျော်၊ ကတ်တမင်း ၃၅ ကီလိုကျော် အပါအဝင် မူးယစ်ဆေးဝါး (၂၆) မျိုးနှင့် ဓာတုပစ္စည်း (၁၇) မျိုးတို့၏ စုစုပေါင်းတန်ဖိုး မြန်မာကျပ်ငွေသန်းပေါင်း ၅၉.၁၃ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ သန်း ၄၀ ကျော်) အားမီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရပါသည်။
Crd : MRTV

0 comments:

Post a Comment