Wednesday, June 17, 2020

မြောက်ကိုရီးယားနိုင်ငံသည် တောင်ကိုရီးယားနိုင်ငံမှ သံတမန်များစေလွှတ်မည့် ကမ်းလှမ်းချက်ကိုပယ်ချခဲ့ပြီး ၎င်း၏တပ်ဖွဲ့များကိုစေလွှတ်သွားမည်ဖြစ်ကြောင်း အခိုင် အမာပြောကြား

မြောက်ကိုရီးယားနိုင်ငံသည် တောင်ကိုရီးယားနိုင်ငံသံရုံးမှ ပေးပို့သောကမ်းလှမ်းချက်များကို ပယ်ချခဲ့ကြောင်း ဇွန်လ ၁၇ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ငြိမ်းချမ်းရေးသဘောတူညီထားသည့် တောင်-မြောက် နှစ်နိုင်ငံကြားရှိဆက်ဆံရေး ပျက်ပြားစေရေးဦးတည်နေသည့်အကြောင်းတစ်ခုဖြစ်သည့် စစ်မဲ့ဇုန်နယ်စပ်သို့တပ်ဖွဲ့များစေလွှတ်သွားမည်ဖြစ်ကြောင်းကိုလည်း အခိုင်အမာပြောကြားခဲ့ပါသည်။
၂၀၁၈ ခုနှစ်တွင် တောင်- မြောက် နှစ်နိုင်ငံခေါင်းဆောင်များ၏ သဘောတူညီချက်အစိတ်အပိုင်းတစ်ခုအဖြစ် နယ်စပ်မြို့တစ်မြို့တွင် ဖွင့်လှစ်ခဲ့သော ပူးတွဲဆက်ဆံရေးရုံးကို မြောက်ကိုရီးယားနိုင်ငံမှ ဖျက်သိမ်းလိုက်ပြီးနောက်ရက်အနည်းငယ်အကြာတွင် နိုင်ငံပိုင်သတင်းအေဂျင်စီတစ်ခုဖြစ်သော KCNA မှ သတိပေးခဲ့ခြင်း ဖြစ်ပါသည်။
တောင်ကိုရီးယားနိုင်ငံသမ္မတ မွန်ဂျေးအင်သည် ဇွန်လ ၁၅ ရက်နေ့တွင် ၎င်း၏အမျိုးသားလုံခြုံရေးအကြံပေး Chung Eui-yong နှင့် ထောက်လှမ်းရေးအရာရှိချုပ် Suh Hoon တို့အား သံတမန်များအဖြစ်စေလွှတ်ရန်ကမ်းလှမ်းခဲ့ပါသည်။ သို့ရာတွင် မြောက်ကိုရီးယားခေါင်ဆောင်၏ ညီမဖြစ်သူ ကင်ရိုဂျုံနှင့် အဏာရပါတီ၏ အကြီးတန်းအရာရှိတစ်ဦးမှ အဆိုပါလိမ္မာပါးနပ်ပြီး အန္တရာယ်ရှိသည့်တောင်းဆိုချက်ကို ပြတ်ပြတ်သားသားငြင်းပယ်ခဲ့ကြောင်း KCNA သတင်းဌာနတွင် ဖော်ပြထားပါသည်။
တောင်ကိုရီးယားနိုင်ငံသမ္မတမွန်သည် ပဋိပက္ခများကိုကျော်လွှားရန်နှင့် တောင်းဆိုမှုများအတွက် အထူးသံတမန်စေလွှတ်ခြင်းကို အလေးပေးသော်လည်း မွန်အနေဖြင့် လှည့်စားမှုတစ်ခုသည် မိမိတို့အပေါ် ရေရှည်အကျိုးသက်ရောက်မှုရှိလိမ့်မည်မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်းနားလည်သဘောပေါက်ထားရန် လိုအပ်ကြောင်း KCNA သတင်းဌာနတွင် ဖော်ပြထားပါသည်။
သင့်လျော်သော ပေးဆပ်မှုကိုပြန်ပေးဆပ်မှသာလျှင် အဆုံးသတ်နိုင်မည်ဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံအာဏပိုင်များအနေဖြင့် တာဝန်ယူမှု တာဝန်ခံမှုရှိခြင်းဖြင့် တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားနိုင်ငံအကြားဖြစ်ပွားနေသော ပဋိပက္ခများကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ တောင်ကိုရီးယားသမ္မတရုံးမှ တုံ့ပြန်ဖြေကြားခြင်း မရှိခဲ့ပါ။သီးခြားအနေဖြင့် တောင်ကိုရီးယားနိုင်ငံပြည်သူ့တပ်မတော်၏ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးမှ ယခင်က ကိုရီးယားနှစ်နိုင်ငံကြား ပူတွဲစီးပွားရေးစီမံကိန်းလုပ်ဆောင်နေသည့် နယ်စပ်အနီးရှိ Kumgang နှင့် Kaesong တောင်တန်းများသို့ တပ်များစေလွှတ်သွား မည်ဖြစ်ကြောင်း ၎င်းမှပြောကြားခဲ့ပါသည်။
စစ်မဲ့ဇုန် (DMZ)တွင် လျှော့ချထားသော ရဲတပ်ဖွဲ့ဝင်များကို ပြန်လည်နေရာချထားမည်ဖြစ်ပြီး အနောက်ဘက်ပင်လယ်ကမ်းခြေအနီးရှိ အမြောက်တပ်များမှ လက်ကမ်းစာစောင်များ မကြာခဏပေးပို့နေမှုများကြောင့် ထိပ်တန်းအဆင့် တိုက်ခိုက်ရေးအဆင့်ရှိသည့်တပ်ဖွဲ့များကို အားဖြည့်သွားမည်ဖြစ်ကြောင်း ပြောခွင့်ရတစ်ဦးမှ ပြောကြားခဲ့ပါသည်။
မြောက်ကိုရီးယားနိုင်ငံအနေဖြင့်လည် နယ်စပ်မှတဆင့် တောင်ကိုရီးယားကို ဆန့်ကျင်သောလက်ကမ်းစာစောင်များကို ပြန်လည်ပေးပို့သွားမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူမှ ပြောကြားခဲ့ပါသည်။
၂၀၁၈ ခုနှစ် တောင်-မြောက် ကိုရီးယားနှစ်နိုင်ငံကြားသဘောတူညီချက်အရ စစ်မဲ့ဇုန်များအတွင်း ပြန်လည်ဝင်ရောက်ရန်နှင့် ရှေ့တန်းခံတပ်သဖွယ်ပြောင်းလဲရန် အစီအစဉ်ကို စဉ်စားနေကြောင်း KPA မှ ဇွန် ၁၆ တွင် ပြောကြားခဲ့ပါသည်။
တောင်ကိုရီးယားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနမှ မြောက်ကိုရီးယားနိုင်ငံအား ၂၀၁၈ ခုနှစ်တွင် ချုပ်ဆိုခဲ့သောသဘောတူစာချုပ်ကို လိုက်နာရန်တိုက်တွန်းခဲ့ပြီး နှစ်ဖက်စလုံးမှ အနုတ်သဘောဆောင်သောအပြုအမှုမျိုးကိုရပ်တန့်ရန်အတွက်ကတိပြုခဲ့ကြပြီး နှစ်နိုင်ငံကြား စစ်မဲ့ဇုန်တစ်လျှောက်ရှိအဆောက်အအုံများကို ဖျက်သိမ်းခဲ့ပါ သည်။
Source : CGTN
"North Korea rejects South's offer of envoys, vows to send back troops to border "

0 comments:

Post a Comment