Wednesday, June 24, 2020

မြောက်ကိုရီးယားနိုင်ငံသည် တောင်ကိုရီးယားနိုင်ငံအပေါ် စစ်ရေးအရအရေးယူမှုများ အားရပ်ဆိုင်းမည်ဖြစ်

မြောက်ကိုရီးယားခေါင်ဆောင်ကင်ဂျုံအမ်သည် အာဏာရပါတီ၏ ဗဟိုစစ်ရေး ကော်မရှင်အစည်းအဝေးကိုဦးဆောင်ကျင်းပခဲ့ပြီး တောင်ကိုရီးယားနိုင်ငံအပေါ် စစ်ရေးအရအရေးယူမှုများကို ရပ်ဆိုင်းရန်ဆုံးဖြတ်ခဲ့သည်ဟု နိုင်ငံပိုင်သတင်းအေဂျင်စီ KCNA မှ ဇွန်လ ၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။
အစည်းအဝေးတွင် နိုင်ငံ၏စစ်ရေးအဟန့်အတားများကို ပိုမိုအားကောင်းစေရန် ဆောင်ရွက်မည့် အချက်အလက်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း KCNA သတင်းဌာနမှ ပြောကြားခဲ့ပါသည်။ တောင်ကိုရီးယားနိုင်ငံအနေဖြင့် မြောက်ကိုရီးယားနိုင်ငံသို့ ဝါဒဖြန့်ချီရေးလက် ကမ်းစာစောင်များ ဖြန့်ချီရန်အစီအစဉ်ကြောင့် တောင်-မြောက် နှစ်နိုင်ငံအကြား စစ်ရေးအရတင်းမာမှုများ မြှင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း KCNA သတင်းဌာနတွင် ဖော်ပြထားပါသည်။
မကြာသေးမီရက်များတွင် မြောက်ကိုရီးယားနိုင်ငံသည် နယ်စပ်ရှိနှစ်နိုင်ငံပူးတွဲ ဖွင့်လှစ်ထားသော ဆက်ဆံရေးရုံးကိုဖျက်သိမ်းခဲ့ပြီး တောင်- မြောက်နှစ်နိုင်ငံကြား တွေ့ဆုံမှုမှာအဆုံးသတ်ကြောင်းကြေငြာခဲ့ပြီးနောက် တွင် စစ်ရေးအရအရေးယူမှုများ ပြုလုပ်မည်ဟု ခြိမ်းခြောက်ခဲ့ပါသည်။ကင်၏ညီမဖြစ်သူကင်ရိုဂျုံသည် လွန်ခဲ့သည့်အပတ်တွင် တောင်ကိုရီးယားနိုင်ငံ အပေါ် အသေးစိတ်ဖော်ပြခြင်းမရှိဘဲစစ်ရေးအပါအဝင် တန်ပြန်ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ သတိပေးခဲ့ပါသည်။
တောင်ကိုရီးယားနိုင်ငံသည် နှစ်နိုင်ငံအကြားသဘောတူညီမှုအရ စစ်အင်အား လျှော့ချထားသောဇုန်များတွင် ပြန်လည်ဝင်ရောက်ရန်နှင့် ရှေ့တန်းခံတပ်အဖြစ် ပြောင်းလဲပစ်ရန် အစီအစဉ်ကို လေ့လာသုံးသပ်နေကြောင်း ပြောကြားခဲ့ပါသည်။
မြောက်ကိုရီးယားစစ်တပ်သည် စစ်မဲ့ဇုန်အတွင်း အသံချဲ့စက်များ တပ်ဆင် နေသည်ကိုတွေ့မြင်ခဲ့ရကြောင်း အရင်အမြစ်တစ်ခုမှ Reauer သတင်းဌာနသို့ ဇွန်လ ၂၃ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ တောင်-မြောက် နှစ်နိုင်ငံသည် ၂၀၁၈ ခုနှစ်တွင် သဘောတူစာချုပ်ကိုလက်မှတ်ရေးထိုးပြီးနောက်ပိုင်း ရန်လိုသောအပြုအမူများ အားလုံးကိုရပ်တန့်ရန် အဆိုပါစနစ်ကို ဖြုတ်ချခဲ့ပါသည်။

0 comments:

Post a Comment