Friday, June 19, 2020

အိန္ဒိယအစိုးရမှ နိုင်ငံပိုင်နည်းပညာကုမ္ပဏီနှစ်ခုအား တရုတ်နိုင်ငံ၏ နည်းပညာပစ္စည်းများကို အသုံးမပြုရန် ပြောကြား

အိန္ဒိယအစိုးရမှ နိုင်ငံပိုင်နည်းပညာကုမ္ပဏီနှစ်ခုအား ၎င်းတို့၏ မိုဘိုင်းကွန်ယက်များကို 4G အဆင့်မြှင့်တင်ရာတွင် တရုတ်နိုင်ငံထုတ် နည်းပညာပစ္စည်းများကို အသုံးပြုခြင်းထက် ပြည်တွင်းထုတ်ပစ္စည်းများကိုသာ အသုံးပြုရန် ဇွန်လ ၁၈ ရက်နေ့က ပြောကြားခဲ့ပါသည်။
ယခုရက်သတ္တပတ်တွင် တရုတ်တပ်ဖွဲ့များမှ Himalayan နယ်စပ်ဒေသ၌ အိန္ဒိယ စစ်သား ၂၀ ဦး အား သတ်ဖြတ်ခဲ့ပြီးနောက် အိန္ဒိယနိုင်ငံသည် တရုတ်နိုင်ငံ၏ ကုမ္ပဏီ များအပေါ် တုံ့ပြန်မှုများ ပြုလုပ်ခဲ့ပါသည်။
လွန်ခဲ့သောနှစ်တွင် အိန္ဒိယနိုင်ငံသည် အရှုံးပေါ်နေသော နည်းပညာ ကုမ္ပဏီ နှစ်ခုဖြစ်သည့် Bharat Sanchar Nigam (BSNL) နှင့် Mahanagar Telephone Nigam (MTNL) တို့အား ကူညီရန်အတွက် network အဆင့်မြှင့်တင်မှုများ ပြုလုပ်ရန် ဒေါ်လာ ၈ ဘီလီယံ ကြိုတင်လျာထားကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။ ထို့နောက် တရုတ်နည်းပညာပစ္စည်း ထုတ်လုပ်ရေးကုမ္ပဏီများဖြစ်သည့် Huawei နှင့် ZTE တို့အား အသုံးမပြုရန် ညွှန်ကြားခဲ့ကြောင်း သတင်းအရင်းအမြစ်များမှ ပြောကြားခဲ့ပါသည်။
အဆိုပါ အစီအစဉ်တွင် ပြည်သူများ၏ ရံပုံငွေကို အသုံးပြုသည့်အတွက်ကြောင့် Bharat Sanchar Nigam (BSNL) နှင့် Mahanagar Telephone Nigam (MTNL) ကုမ္ပဏီတို့သည် အိန္ဒိယနိုင်ငံထုတ် နည်းပညာပစ္စည်းများကို ဝယ်ယူရန်လိုအပ်ကြောင်း အစိုးရသတင်းအရင်းအမြစ်တစ်ခုမှ Reuters သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။
အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံ၏ ဆက်သွယ်ရေးနှင့် သတင်းအချက် အလက်နည်းပညာဝန်ကြီးဌာန၊ Bharat Sanchar Nigam (BSNL) နှင့် Mahanagar Telephone Nigam (MTNL) ကုမ္ပဏီတို့အနေဖြင့် မှတ်ချက်ပြုပြောကြားခဲ့ခြင်းမရှိပါ။
Huawei နှင့် ZTE နည်းပညာကုမ္ပဏီနှစ်ခုမှလည်း ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိသည့် မှာယူမှုများ ဆုံးရှုံးသွားနိုင်သည့်အပေါ် မှတ်ချက်ပြုပြောကြားရန် ငြင်းဆိုခဲ့ပါသည်။ နယူးဒေလီမြို့ရှိ တရုတ်သံရုံးမှလည်း မှတ်ချက်ပြုပြောကြားခဲ့ခြင်း မရှိပါ။
၁၉၆၇ ခုနှစ်မှစ၍ အိန္ဒိယနှင့်တရုတ်နိုင်ငံကြား တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွား ခဲ့ပြီးနောက် တရုတ်ကုမ္ပဏီများအနေဖြင့် ပြည်သူများ၏ တုံ့ပြန်မှုများကို ကြုံတွေ့နေရ ပါသည်။
တရုတ်နိုင်ငံသည် တရုတ် ပစ္စည်းများကို အသုံးမပြုရန် အိန္ဒိယနိုင်ငံသားများအား တိုက်တွန်းနေသည့် ဆိုရှယ်မီဒီယာစည်းရုံးလှုံ့ဆော်မှုများနှင့်အတူ Coronavirus ရောဂါ ကူးစက်ပျံ့နှံ့မှုနှင့်ပတ်သက်၍ ပြောဆိုမှုများကိုလည်း ခံခဲ့ရပါသည်။
တရုတ်နိုင်ငံထုတ် နည်းပညာပစ္စည်းများအသုံးပြုနေမှုအပေါ် ထိရောက်စွာ တားဆီးမှုများသည် Bharti Airtel (BRTI.NS) နှင့် Vodafone Idea (VODA.NS) ကဲ့သို့သော ပုဂ္ဂလိကပိုင် နည်းပညာများကုမ္ပဏီများတွင်လည်း ပြုလုပ်သွားနိုင်ပါသည်။
အိန္ဒိယနိုင်ငံတွင် ပြည်တွင်းနည်းပညာပစ္စည်းထုတ်လုပ်မှုဆိုင်ရာ ကန့်သတ်မှုများ ရှိနေသည့်အတွက် တားမြစ်မှုများပြုလုပ်ခြင်းသည် အိန္ဒိယနည်းပညာကုမ္ပဏီများအတွက် ကုန်ကျစရိတ်များပြားသွားစေနိုင်ပြီး ၎င်းတို့အနေဖြင့် Nokia (NOKIA.HE) နှင့် Ericsson (ERICB.ST) ကဲ့သို့သော ဥရောပကုမ္ပဏီများအပေါ် ပိုမိုမှီခိုအားထားရမည် ဖြစ်သည်။
>>zawgyi<<
အိန္ဒိယအစိုးရမှ နိုင်ငံပိုင်နည်းပညာကုမ္ပဏီနှစ်ခုအား တရုတ်နိုင်ငံ၏ နည်းပညာပစ္စည်းများကို အသုံးမပြုရန် ပြောကြား
Friday, June 19, 2020
အိန္ဒိယအစိုးရမှ နိုင်ငံပိုင်နည်းပညာကုမ္ပဏီနှစ်ခုအား ၎င်းတို့၏ မိုဘိုင်းကွန်ယက် များကို 4G အဆင့်မြှင့်တင်ရာတွင် တရုတ်နိုင်ငံထုတ် နည်းပညာပစ္စည်းများကို အသုံးပြုခြင်းထက် ပြည်တွင်းထုတ်ပစ္စည်းများကိုသာ အသုံးပြုရန် ဇွန်လ ၁၈ ရက် နေ့က ပြောကြားခဲ့ပါသည်။
ယခုရက်သတ္တပတ်တွင် တရုတ်တပ်ဖွဲ့များမှ Himalayan နယ်စပ်ဒေသ၌ အိန္ဒိယ စစ်သား ၂၀ ဦး အား သတ်ဖြတ်ခဲ့ပြီးနောက် အိန္ဒိယနိုင်ငံသည် တရုတ်နိုင်ငံ၏ ကုမ္ပဏီ များအပေါ် တုံ့ပြန်မှုများ ပြုလုပ်ခဲ့ပါသည်။
လွန်ခဲ့သောနှစ်တွင် အိန္ဒိယနိုင်ငံသည် အရှုံးပေါ်နေသော နည်းပညာ ကုမ္ပဏီ နှစ်ခုဖြစ်သည့် Bharat Sanchar Nigam (BSNL) နှင့် Mahanagar Telephone Nigam (MTNL) တို့အား ကူညီရန်အတွက် network အဆင့်မြှင့်တင်မှုများ ပြုလုပ်ရန် ဒေါ်လာ ၈ ဘီလီယံ ကြိုတင်လျာထားကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။ ထို့နောက် တရုတ်နည်းပညာပစ္စည်း ထုတ်လုပ်ရေးကုမ္ပဏီများဖြစ်သည့် Huawei နှင့် ZTE တို့အား အသုံးမပြုရန် ညွှန်ကြားခဲ့ကြောင်း သတင်းအရင်းအမြစ်များမှ ပြောကြားခဲ့ပါသည်။
အဆိုပါ အစီအစဉ်တွင် ပြည်သူများ၏ ရံပုံငွေကို အသုံးပြုသည့်အတွက်ကြောင့် Bharat Sanchar Nigam (BSNL) နှင့် Mahanagar Telephone Nigam (MTNL) ကုမ္ပဏီတို့သည် အိန္ဒိယနိုင်ငံထုတ် နည်းပညာပစ္စည်းများကို ဝယ်ယူရန်လိုအပ်ကြောင်း အစိုးရသတင်းအရင်းအမြစ်တစ်ခုမှ Reuters သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။
အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံ၏ ဆက်သွယ်ရေးနှင့် သတင်းအချက် အလက်နည်းပညာဝန်ကြီးဌာန၊ Bharat Sanchar Nigam (BSNL) နှင့် Mahanagar Telephone Nigam (MTNL) ကုမ္ပဏီတို့အနေဖြင့် မှတ်ချက်ပြုပြောကြားခဲ့ခြင်းမရှိပါ။
Huawei နှင့် ZTE နည်းပညာကုမ္ပဏီနှစ်ခုမှလည်း ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိသည့် မှာယူမှုများ ဆုံးရှုံးသွားနိုင်သည့်အပေါ် မှတ်ချက်ပြုပြောကြားရန် ငြင်းဆိုခဲ့ပါသည်။ နယူးဒေလီမြို့ရှိ တရုတ်သံရုံးမှလည်း မှတ်ချက်ပြုပြောကြားခဲ့ခြင်း မရှိပါ။
၁၉၆၇ ခုနှစ်မှစ၍ အိန္ဒိယနှင့်တရုတ်နိုင်ငံကြား တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွား ခဲ့ပြီးနောက် တရုတ်ကုမ္ပဏီများအနေဖြင့် ပြည်သူများ၏ တုံ့ပြန်မှုများကို ကြုံတွေ့နေရ ပါသည်။
တရုတ်နိုင်ငံသည် တရုတ် ပစ္စည်းများကို အသုံးမပြုရန် အိန္ဒိယနိုင်ငံသားများ အား တိုက်တွန်းနေသည့် ဆိုရှယ်မီဒီယာစည်းရုံးလှုံ့ဆော်မှုများနှင့်အတူ Coronavirus ရောဂါ ကူးစက်ပျံ့နှံ့မှုနှင့်ပတ်သက်၍ ပြောဆိုမှုများကိုလည်း ခံခဲ့ရပါသည်။
တရုတ်နိုင်ငံထုတ် နည်းပညာပစ္စည်းများအသုံးပြုနေမှုအပေါ် ထိရောက်စွာ တားဆီးမှုများသည် Bharti Airtel (BRTI.NS) နှင့် Vodafone Idea (VODA.NS) ကဲ့သို့သော ပုဂ္ဂလိကပိုင် နည်းပညာများကုမ္ပဏီများတွင်လည်း ပြုလုပ်သွားနိုင်ပါသည်။
အိန္ဒိယနိုင်ငံတွင် ပြည်တွင်းနည်းပညာပစ္စည်းထုတ်လုပ်မှုဆိုင်ရာ ကန့်သတ်မှု များ ရှိနေသည့်အတွက် တားမြစ်မှုများပြုလုပ်ခြင်းသည် အိန္ဒိယနည်းပညာကုမ္ပဏီများ အတွက် ကုန်ကျစရိတ် များပြားသွားစေနိုင်ပြီး ၎င်းတို့အနေဖြင့် Nokia (NOKIA.HE) နှင့် Ericsson (ERICB.ST) ကဲ့သို့သော ဥရောပ ကုမ္ပဏီများအပေါ် ပိုမိုမှီခိုအားထားရမည် ဖြစ်သည်။

0 comments:

Post a Comment