Monday, June 22, 2020

မြဝတီ-မဲဆောက်ကူး(ထိုင်း-မြန်မာချစ်ကြည်ရေးတံတားအမှတ်-၂)တွင် ကျန်းမာရေးစစ်ဆေးမှုခံယူခြင်းမရှိဘဲ ကုန်ကားများဖြတ်သန်းရာ အပေါက်မှ ဝင်ရောက်လာသူအား ထောင်ဒဏ်(၄)လချမှတ်အရေးယူ

မြဝတီ-မဲဆောက်ကူး(ထိုင်း-မြန်မာချစ်ကြည်ရေးတံတားအမှတ်-၂)တွင် ကျန်းမာရေးစစ်ဆေးမှု မခံယူဘဲ ကုန်ကားများဖြတ်သန်းရာ အပေါက်မှ ဝင်ရောက်လာသူအားဖမ်းဆီးအရေးယူမှုဖြစ်ပွားခဲ့ကြောင်း ထိုင်း-မြန်မာချစ်ကြည်ရေးတံတားတာဝန်ကျ ဝန်ထမ်းများထံမှ သိရသည်။
ဖြစ်စဉ်မှာ ဇွန်လ(၂၂)ရက်နေ့ ၊ နေ့လည်(၁၂)နာရီအချိန်ခန့်က ရဲအုပ် အောင်ကျော်မင်းနှင့်အဖွဲ့သည် ထိုင်း-မြန်မာချစ်ကြည်ရေး တံတားအမှတ်(၂) Cargo ပေါက်တွင် တာဝန်ထမ်းဆောင်နေစဉ် ထိုင်းနိုင်ငံဘက်ခြမ်းမှ ပြန်လည်ဝင်ရောက်လာသည့် 9M-1989နံပါတ်တပ်ဆင်ထားသော Misubishi Canter ကုန်တင်ယာဉ်တစ်စီးဝင်ရောက်လာသဖြင့် စစ်ဆေးရာ အဆိုပါကားအား အေးမင်းထွန်း(၂၇)နှစ်၊ (ဘ)ဦးထွန်းသိန်း၊ မွန်ဆလင်/အစ္စလာမ်၊ ၁၂/ဒပန(နိုင်)၀၀၆၆၂၇၀၊ အမှတ်(၁)ရပ်ကွက်၊ မြဝတီမြို့နေထိုင်သူမှမောင်းနှင်လာပြီး ယာဉ်ပေါ်တွင် ထိုင်းနိုင်ငံရောက်နေရပ်ပြန်ဖြစ်သူ မြန်မာနိုင်ငံသူ မိုးသူဇာ(၃၅)နှစ်၊(ဘ)ဦးအောင်ရင်ဆွေ၊ ဗမာ/ဗုဒ္ဓ၊ ၃/မဝတ(နိုင်) ၀၅၃၆၉၈၊ ကရင်စာပေအနောက်၊ ငှက်ပျောတောရပ်၊ အမှတ်(၃)ရပ်ကွက်၊ မြဝတီမြို့နေထိုင်သူမှလိုက်ပါလာပြီး ၎င်းတို့(၂)ဦးသည် BCFဇုန်တွင် ကျန်းမာရေးဌာန၏ ကျန်းမာရေးစစ်ဆေးမှုခံယူကာ ဝင်ရောက်ရမည် ဖြစ်သော်လည်း ကျန်းမာရေးစစ်ဆေးခြင်းမခံဘဲ ကုန်ကားများဝင်ရာ Cargoအပေါက်မှ မရိုးသားသောသဘောဖြင့် ဝင်ရောက်သဖြင့် ယာဉ်မောင်းအေးမင်းထွန်းနှင့်လိုက်ပါစီးနင်လာသူ မိုးသူဇာတို့(၂)ဦးအား ကျန်းမာရေးဌာနမှအရေးယူဆောင်ရွက်နိုင်ရန်အတွက် ရဲအုပ်အောင်ကျော်မင်းမှ မြဝတီမြို့မရဲစခန်းသို့ ခေါ်ဆောင်စစ်ဆေးရာ ကျန်းမာရေးစစ်ဆေးမှုခံယူခြင်းမရှိဘဲ ဝင်ရောက်လာသူ မိုးသူဇာမှာ ၂၀၂၀ခုနှစ်၊ မတ်လ(၂၅)ရက်နေ့ ထိုင်း-မြန်မာချစ်ကြည်ရေးတံတား ယာယီဖြတ်သန်းခွင့်Boder Passစာအုပ်ဖြင့် မဲဆောက်မြို့၊ ကိုညာလမ်း၊ အိမ်အမှတ်(၄/၃)၎င်း၏ညီမဖြစ်သူ၏ နေအိမ်တွင် နေထိုင်၍ မဲဆောက်မြို့ မောဖဲထူးဆေးခန်း၌ ဆေးဝါးကုသမှုခံယူရာမှ ပြန်လည်ဝင်ရောက်လာတာဖြစ်တယ်ဟု ဝန်ခံထွက်ဆိုပြီး မြဝတီမြို့သို့ပြန်လည်ဝင်ရောက်လာရာတွင် Qurantine(21) ရက် မဝင်ရောက်လိုသောကြောင့် ကျန်းမာရေးစစ်ဆေးမှုခံယူခြင်းမရှိဘဲ ဝင်ရောက်လာခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ကျန်းမာရေးစစ်ဆေးမှုခံယူခြင်းမရှိဘဲဝင်ရောက်လာသူနှင့်အားပေးကူညီသယ်ဆောင်လာသူ ယာဉ်မောင်းဖြစ်သူတို့အား မြဝတီမြို့နယ်တရားရုံးသို့ တရားစွဲဆိုတင်ပို့ရာ မြဝတီမြို့နယ်တရားရုံး၏ ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေး ဉပဒေပုဒ်မ(၁၈)အရ ယာဉ်မောင်းအေးမင်းထွန်းနှင့်မိုးသူဇာတို့(၂)ဦးအား ထောင်ဒဏ်(၄)လစီ နေ့ချင်းပြီးအမိန့်ချမှတ်လိုက်ကြောင်းသိရသည်။
ကမ္ဘာနှင့်အဝန်းဖြစ်ပွားနေသော Covid-19ကူးစက်ရောဂါကြောင့် ကျန်းမာရေးစည်းမျဉ်းစည်းကမ်းများသတ်မှတ်ကာ ပြည်ပမှပြန်လာသူများကိုQurantineစခန်းများတွင် စနစ်တကျထားရှိကာ(၂၁)ရက်စောင့်ကြည့်ရမည်ဖြစ်ကြောင်း အများပြည်သူဆိုင်ရာ ရုပ်မြင်သံကြား၊ ရေဒီယို၊ လူမှုကွန်ရက်၊ ဖုန်းမက်ဆေ့၊ အသံချဲ့စက်ဖြင့်ကြေငြာခြင်း၊ ဗီနိုင်းထောင်ခြင်း၊ သတင်းစာ၊ ဂျာနယ်များတွင် အသိပညာပေးခြင်းများလုပ်ဆောင်နေသော်လည်း ယခုကဲ့သို့စည်းကမ်းလိုက်နာခြင်းမရှိသည့်ဖြစ်စဉ်များ Qurantineစင်တာများမှထွက်ပြေးနေသည့်ဖြစ်စဉ်များ မြန်မာနိုင်ငံအနှံအပြားတွင်ဖြစ်ပွားနေသည်ကို Social Mediaများတွင်ရေးသားချက်များအရ ဖတ်ရှုတွေ့မြင်ခဲ့ရသည်။
Crd : မြတ်ကို-ဒေါနမြေ

0 comments:

Post a Comment