Monday, June 15, 2020

ကာဂျစ္စတန်နိုင်ငံတွင် တစ်ရက်အတွင်း ဆရာဝန် ၂၂ ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

ကာဂျစ္စတန်နိုင်ငံတွင် တစ်ရက်အတွင်း နောက်ထပ် ကျန်းမာရေးလုပ်သား ၂၂ ဦးထက်မနည်း ကိုရိုနာဗိုင်း ရပ်စ် ကူးစက်ခံခဲ့ရကြောင်း သိရသည်။ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး နျူဘိုလော့အူဆန်ဘေ့ဗ်က ကျန်းမာရေးလုပ်သားများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကို သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒုတိယဝန်ကြီး နျူဘိုလော့အူဆန်ဘေ့ဗ်၏ ပြောကြားချက်အရ ဘက်ကတ်မြို့တော်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၂ ဦး၊ ချုအီဒေသတွင် ၃ ဦး၊ အို့ရှ်ဒေသတွင် နှစ်ဦးနှင့် အို့ရှ်မြို့တော်တွင် ငါးဦးဖြစ်သည်။
တစ်ရက်အတွင်း ကျန်းမာရေးလုပ်သား ၁၃ ဦးထက်မနည်း ရောဂါသက်သာလာမှုကြောင့် ဆေးရုံမှဆင်း ခွင့်ပြုခဲ့သည်။
ကာဂျစ္စတန်နိုင်ငံတွင် ကျန်းမာရေးလုပ်သား စုစုပေါင်း ၄၆၀ ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပြီး ၎င်းတို့ အနက် ၃၅၄ ဦးကို ဆေးရုံမှဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။
Ref ; EPN

0 comments:

Post a Comment