Thursday, June 25, 2020

ကလေး-မုံရွာကားလမ်းတွင် တပ်မတော်ယာဉ်တစ်စီးနှင့် အရပ်ယာဉ်တစ်စီးတို့ မတော်တဆ တိုက်ခိုက်မှုဖြစ်ပွား

ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ကလေးမြို့မှ မုံရွာမြို့သို့ မောင်းနှင်လာသော တပ်မတော်အုပ်ချုပ်မှုယာဉ်များမှ ယာဉ်တစ်စီးသည် ကလေးမြို့မှ ၁၁မိုင်၄ဖာလုံ အရောက် သုံးဘီးဆိုင်ကယ်တစ်စီးအား ကျော်တက်စဉ်မျက်နှာချင်းဆိုင် တစ်ဖက်ယာဉ်ကြောမှ ကလေးမြို့၊ ဆည်တော်ကျေးရွာနေ ဦးလှတိုး ၊ ၆၅ နှစ် မောင်းနှင်လာသော ဟိုက်ဂျက်ယာဉ်ငယ်အား ဝင်ရောက်တိုက်မိသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
ယာဉ်တိုက်ခိုက်မှုကြောင့် ဟိုက်ဂျက်ယာဉ်ပေါ်တွင် လိုက်ပါလာသော ဦးလှတိုး၊ ဇနီး မနှင်းနှင်းအေးနှင့် သားဖြစ်သူ မောင်စုမင်းနိုင်တို့ ၃ ဦး (မစိုးရိမ်ရ) ထိခိုက်ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့ပြီး ဟိုက်ဂျက်ယာဉ်မှာ ရှေ့ခေါင်းပိုင်း ချိုင့်ဝင်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ လူနာသုံးဦးအား မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် ကလေးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေး၍ လိုအပ်သော ကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ယာဉ်တိုက်ခိုက်မှုအတွက် ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
crd-တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ #Myanmar_Online_News
>>zawgyi<<

0 comments:

Post a Comment