Wednesday, June 24, 2020

သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးမှာ မူလနေရာတွင်ပင်ရှိ

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ် ဦးဇော်ဌေး တာဝန်ယူထားရာမှ ဇွန်လ (၂၄) ရက်နေ့ မြန်မာနိုင်ငံ ပြန်တမ်းတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်လွင်ကို ညွှန်ကြားရေးမှူးချုပ်အဖြစ် အစမ်းခန့်လိုက်ကြောင်း ဖော်ပြထားသဖြင့် ပြည်သူများကြားတွင် ဦးဇော်ဌေးနှင့်ပတ်သက်၍ ကောလဟလများ ထွက်ပေါ်လျက်ရှိသည်။
အဖြစ်မှန်မှာ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနတွင် ညွှန်ကြားရေးမှူးချုပ် (၃)ယောက်ရှိပြီး ယခုခန့်အပ်လိုက်သည့် ဦးကျော်လွင်မှာ လစ်လပ်နေသည့် ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်ရာထူ ဖြစ်သဖြင့် ဦးဇော်ဌေးမှာ မူလရာထူးဖြစ်သော ပြောရေးဆိုခွင့်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်နေကြောင်း သိရသည်။
Source - Health Care

0 comments:

Post a Comment