Friday, June 19, 2020

မြောက်ကိုရီးယားနဲ့ တင်းမာမှုများကြောင့် တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီး ရာထူးမှ နုတ်ထွက်

ပြည်ပြေးတွေရဲ့ လုပ်ရပ်တွေကြောင့် ပြုံယမ်းနဲ့ တင်းမာမှုမြင့်တက်ခဲ့ကာ သံတမန်ရေး လမ်းကြောင်းတွေ ရပ်ဆိုင်းခဲ့ရမှုအတွက် မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးအပေါ် တာဝန်ယူရသူဖြစ်တဲ့ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးရဲ့ ရာထူးနုတ်ထွက်မှုကို တောင်ကိုရီးယား သမ္မတ မွန်းဂျေးအင်က သောကြာနေ့မှာ လက်ခံလိုက်တယ်လို့ သိရပါတယ်။
တောင်ကိုရီးယားရဲ့ ပြန်လည်ပေါင်းစည်းရေးဝန်ကြီး ကင်ယွန်ချူးဟာ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးဆိုင်ရာ လုပ်ငန်းစဉ်တွေအတွက် ကြီးကြပ်ရသူဖြစ်ကာ လက်ရှိ ဆက်ဆံရေး ဆိုးဝါးနေခဲ့မှုအတွက် တာဝန်ယူတာဝန်ခံတဲ့ အနေနဲ့ ရာထူးက နုတ်ထွက်ဖို့တင်ပြခဲ့တာဖြစ်ပါတယ်။
တောင်ကိုရီးယားနိုင်ငံရှိ မြောက်ကိုရီးယား ပြည်ပြေးတွေက ဝါဒဖြန့်လက်ကမ်းစာရွက်တွေကို မြောက်ကိုရီးယားနိုင်ငံတွင်းသို့ ပို့လွှတ်နေတာနဲ့ ပတ်သက်ပြီး ပြုံယမ်းက သတိပေးခြိမ်းခြောက်မှုတွေ ထုတ်ပြန်ခဲ့ပါတယ်။
ပြည်ပြေးတွေရဲ့ လုပ်ရပ်ကို တောင်ကိုရီးယား ဟန့်တားခြင်းမရှိဘူးဆိုကာ မြောက်ကိုရီးယားက ယခုသီတင်းပတ်မှာ နယ်စပ်ရှိ ပူးပေါင်း ဆက်ဆံရေးရုံးကို ဖောက်ခွဲဖျက်ဆီးပစ်ခဲ့ပြီး ဆွေးနွေးပြောဆိုတာတွေ ပြီးဆုံးပြီဖြစ်ကြောင်း ကြေညာခဲ့ကာ စစ်ရေးအရ အရေးယူသွားမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။
Ref-အကုန်သိ #Myanmar_Online_News
>>zawgyi<<

Ref-အကုန္သိ #Myanmar_Online_News

0 comments:

Post a Comment