Friday, June 26, 2020

အကြမ်းဖက်အဖွဲ့များအတွက် သူလျှိုလုပ်ပေးသည့်စွပ်စွဲချက်ဖြင့် အိန္ဒိယနိုင်ငံရှိ ပါကစ္စတန်သံရုံးမှဝန်ထမ်းများကို ပြည်နှင်ဒဏ်ပေး

သံရုံးဝန်ထမ်းတွေဟာ သူလျှိုတွေဖြစ်ပြီး အကြမ်းဖက်တွေနဲ့ဆက်ဆံနေလို့စွပ်စွဲပြီး အိန္ဒိယနိုင်ငံမြို့တော်ဒေလီမှာရှိတဲ့ပါကစ္စတန်သံရုံးကဝန်ထမ်းတစ်ဝက်လောက်ကို အိန္ဒိယနိုင်ငံက နှင်ထုတ်လိုက်ပြီး ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း သိရသည် ။
ပါကစ္စတန်မြို့တော် အစ္စလာမ်မာဘတ်မှာရှိတဲ့ အိန္ဒိယသံရုံးမှာလည်း အလားတူအရေအတွက်ရှိတဲ့ဝန်ထမ်းပမာဏကိုလျှော့ချမယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။
ပါကစ္စတန်အာဏာပိုင်တွေဘက်က တစုံတရာတုံ့ပြန်မှုမရှိသေးပါဘူး။
ပြီးခဲ့တဲ့ ၃ ပတ်က ပါကစ္စတန်သံရုံးဝန်ထမ်း ၂ ယောက်ကို အိန္ဒိယကနှင်ထုတ်ခဲ့ပြီးတဲ့နောက် နျူကလီးယားပိုင်ဆိုင်တဲ့ ၂ နိုင်ငံကြားတင်းမာမှုတွေမြင့်တက်နေပါတယ်။
အဲဒီဝန်ထမ်း ၂ ယောက်ဟာ အိန္ဒိယတပ်ဖွဲ့ဝင်တွေရဲ့လှုပ်ရှားမှုနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေကို စုဆောင်းနေတာလို့ အိန္ဒိယဘက်စွပ်စွဲပါတယ်။
အစ္စလမ်မာဘတ်မှာရှိတဲ့အိန္ဒိယသံရုံးကဝန်ထမ်း ၂ ယောက်ကို မလျော်မကန်ဆက်ဆံတယ်ဆိုတဲ့စွပ်စွဲချက်တွေရှိခဲ့ပြီးတဲ့နောက် အိန္ဒိယကပါကစ္စတန်သံဝန်ထမ်းတွေကို နှင်ထုတ်ခဲ့တာလို့ အိန္ဒိယမီဒီယာတွေကဖော်ပြပါနေပါတယ်။
ပြီးခဲ့တဲ့တစ်ပတ်ကအစ္စလမ်မာဘတ်ကဝန်ထမ်း ၂ ယောက်ကို ပါကစ္စတန်ကပြန်ပေးဆွဲထားတယ်လို့ အိန္ဒိယအစိုးရက စွပ်စွဲခဲ့ပေမဲ့ ကားမောင်းနေတုန်း လမ်းသွားလမ်းလာတစ်ယောက်ကိုတိုက်မိလို့ သူတို့ကို ရဲတွေက ထိန်းသိမ်းထားတာလို့ ပါကစ္စတန်ဘက်က တုံ့ပြန်ထားပါတယ်။
ဒါပေမဲ့ သူတို့ဟာ သံရုံးဝန်ထမ်းတွေဖြစ်လို့ ပြန်လွှတ်ပေးလိုက်တယ်ဆိုပြီး ပါကစ္စတန်ရဲတွေကပြန်ရှင်းလင်းထားပါတယ်။
Source – BBC
Crd : Fifth Wave

0 comments:

Post a Comment