Friday, June 26, 2020

ယာဉ်တိုက်မှုကျူးလွန်ပြီး မောင်းနှင်ထွက်ပြေးသောယာဉ်အား လိုက်လံဖမ်းဆီးရာမှငွေကျပ် သိန်း (၈၈၀၀) ခန့်တန်ဘိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ဇွန်လ ၂၄ ရက် မွန်းလွဲ၂နာရီ၃၀မိနစ်အချိန်က မန္တလေး-မိုးကုတ်ကားလမ်းတွင် ဖြစ်ပွားခဲ့သော ယာဉ်တိုက် မှုမှ ထွက်ပြေးမောင်းနှင်သွားသည့် ယာဉ်အားလိုက်လံဖမ်းဆီးရာ ယာဉ်နှင့်အတူ မူးယစ် ဆေးဝါး(၈၈၀၀၀၀၀၀၀) ကျပ် တန်ဖိုးအား သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
ယာဉ်တိုက်မှုဖြစ်ပွားပြီး မိုးကုတ်လမ်းအတိုင်း မောင်းနှင်ထွက်ပြေးသွားကြောင်း သတင်းအရ မတ္တရာမြို့မ ရဲစခန်းမှ တာဝန်ရှိသူများ၊ နယ်မြေစခန်းများနှင့် လူမှုကယ်ဆယ် ရေးအသင်းတို့ ချိတ်ဆက်၍ လိုက်လံဖမ်း ဆီးရာ ရေနံ့သာကျေးရွာအနီး လမ်းကြေး ကောက်ခံရေးဂိတ်တွင် တားဆီးရာရပ်တန့်ပေးခြင်းမရှိဘဲ မောင်းနှင်ထွက်ခဲ့သဖြင့် လိုက် လံဖမ်းဆီးရာ စဉ့်ကူးမြို့နယ် ရွှေဂုံတိုင်ကျေးရွာအုပ်စု၊ မကွေးတရာကျေးရွာရှိ နဂါး မောက်တောင် တောင်စောင်းပေါ်တွင် မော်တော်ယာဉ်အားထားရှိပြီး ယာဉ်မောင်းမှာ ထွက်ပြေးသွားခဲ့သဖြင့် ယာဉ်အား စစ်ဆေးရာ မူးယစ်ဆေးဝါးများ တင်ဆောင်လာသည် ဟု မသင်္ကာဖွယ်တွေ့ရှိရသဖြင့် မတ္တရာမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်မိုးနှင့် စဉ့်ကူးမြို့ နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးစန်းနိုင်ထွန်းတို့ထံ ဆက်သွယ်အကြောင်း ကြားပြီး စဉ့်ကူးမြို့နယ် ရွှေပြည်ရဲကင်းတွင် မူးယစ်တပ်ဖွဲ့စု(၁၆)မှ ရဲအုပ်ဝင်းနိုင် ဦးစီးသော တပ်ဖွဲ့ဝင်များနှင့် သက်သေမျာရှေ့တွင် ဖွင့်ဖောက်စစ်ဆေးရာ အိတ်အတွင်းမှ ဘိန်းဖြူ(၁၀)ဂရမ်စီပါ ဆပ်ပြာ ခွက်(၈၈၀)ခွက် အလေးချိန်(၈.၈)ကီလိုဂရမ်ခန့် တန်ဖိုး(၈၈၀၀၀၀၀၀၀)ကျပ်ခန့်အား တွေ့ ရှိရသဖြင့် ထုံးကြီးနယ်မြေရဲစခန်းတွင် အမှုဖွင့်လှစ်သွားရန်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ပြစ်မှုကျုးလွန်သူအားဖမ်းဆီးရမိရေး မတ္တရာမြို့မစခန်းမှ ရဲအုပ်စိုးမင်းလတ် ဦးစီးသော တပ်ဖွဲ့ဝင်များနှင့် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်သိန်းစိုး ဦးစီးသော တပ်ဖွဲ့ဝင်များသည် ဒေသခံလမ်းကျွမ်း ကျင်သူများနှင့်အတူ စုံစမ်းရာ ဇွန်လ ၂၅ရက် နံနက် ၆:၃၀နာရီတွင် မန္တလေး-မိုးကုတ် ကားလမ်းတွင် ယာဉ်မောင်းဖြစ်သူ မောင်လဆိုင်း(၂၉)နှစ် နမ်တုတ်ကျေးရွာ၊ သိန္နီမြို့နယ်၊ ရှမ်းပြည်မြောက်ပိုင်းနေသူအား ယာဉ်လိုင်းတစ်ခုပေါ်မှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
Source - Si Thu Maung

0 comments:

Post a Comment