Monday, June 15, 2020

ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၏ဆောင်ရွက်ချက်များ မှားယွင်းမှုနှင့် မအောင်မြင်မှုများရှိခဲ့ကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များပြောဆို

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအနေဖြင့် ၎င်းတာဝန်ယူစဉ်ကာလအတွင်း ဆောင်ရွက်ချက် များတွင် မှားယွင်းမှုနှင့် မအောင်မြင်မှုများရှိခဲ့ကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက ပြောဆိုကြသည်။ရန်ကုန် တိုင်းဝန်ကြီးချုပ်အနေဖြင့် တာဝန်ယူစဉ်ကာလအတွင်း အကောင်အထည်မဖေါ်နိုင်သည့် စီမံကိန်းလုပ် ငန်းများရှိခဲ့ကြောင်းလည်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက PeopleMedia သို့ပြောသည်။
ဗိုလ်တထောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်မေစိုးက ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းအနေဖြင့် လုပ်ငန်းများကို အားကြိုးမာန်တက်လုပ်ဆောင်သော်လည်း မအောင်မြင်မှုများရှိခဲ့ကြောင်းပြောသည်။“ဝန်ကြီးချုပ်ကစတက်လာထဲက အားကြိုးမာန်တက်လုပ်တာပဲ၊ လုပ်တဲ့ထဲမှာ လုပ်ငန်းကြီးတွေ မအောင်မြင်ခဲ့ တာလည်းရှိတယ်ပေါ့နော်၊ ဆောင်ရွက်ချက်တွေမှားယွင်းခဲ့တာလည်း ရှိကောင်းရှိခဲ့တာပေါ့နော်” ဟု ဗိုလ်တစ် ထောင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေစိုးကပြောသည်။
ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းလုပ်ဆောင်ချက်များသည် လွှတ်တော်၏ သဘောဆန္ဒနှင့်လည်း ကွဲလွဲမှုများစွာရှိနေ ပြီး စီမကိန်းများလည်းအကောင်အထည်မဖော်နိုင်ကြောင်း တိုင်းဒေသေကြီးလွှတ်တော်ကိုယ်စားလှယ် ဦး ကျော်ဇေယျကလည်းပြော သည်။ “ဝန်ကြီးချုပ်က လေးနှစ်တာကာလအတွင်း လုပ်တော့လုပ်နေတာပဲ။ သူလုပ်တဲ့အရာတွေကလွှတ်တော်ရဲ့ သဘော ဆန္ဒနဲ့ အများကြီးကွဲလွဲနေတယ်။ ညှိနှိုင်းမှုတွေက အများကြီးအားနည်းတယ်၊ ဘာပဲဖြစ်ဖြစ် စီမံကိန်းပဲ ဖြစ်ဖြစ် ဘတ်ဂျက်ပဲဖြစ်ဖြစ် တခြားသောဆုံးဖြတ်ချက်များပဲဖြစ်ဖြစ် ဥပဒေဖြစ်ဖြစ် စီမံကိန်းလွဲနေတယ်။ လွှတ် တော်နဲ့အစိုးရ၊ အစိုးရနဲ့ လွှတ် တော် ပေါင်းစပ်ညှိနှိုင်းမှုများအားနည်းတယ်။ လွှတ်တော်မှာတင်ပြထားတဲ့ စီမံ ကိန်းနှစ်ခုရှိတယ်၊ ထန်းတပင်နဲ့ လှည်းကူး စက်မှုဇုံဖော်ထုတ်ရေးစီမံကိန်းများဟာလည်း ရပ်တန့်ပြီးတော့ ဆက်လက်ပြီးတော့မျှော်မှန်းထားတဲ့အတိုင်း အောင်မြင်မှုမဖြစ်ဘူး။ လေးနှစ်တာကာလအတွင်းမှာ အကောင် အထည်ပီပီပြင်ပြင်ပေါ်မလာဘူးဆိုတာတွေ့ရတယ်” ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော် ဇေယျကပြောသည်။
ကျင်းပပြီးစီးခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် တပ်မတော်သားကိုယ်စားလှယ်များ၊ ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်များနှင့် အခြားပါတီအချို့မှကိုယ်စားလှယ်များက ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦ်းဖြိုး မင်းသိန်းကို စွပ်စွဲပစ်တင်သည့်အဆိုတင်သွင်းခဲ့သည်။
ယခုလ ၁၈ ရက်တွင်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အရေးပေါ်အစည်းအဝေးကို ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး အဆိုပါအစည်းအဝေးတွင် အထက်ပါအဆိုကို ဆွေးနွေးသွားဖွယ်ရှိသည်။
Ref ; People Media

0 comments:

Post a Comment