Wednesday, June 24, 2020

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံရေးနှင့်စစ်ရေး အကျိုးပြုလုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်ခြင်းကြောင့် "စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဂုဏ်ထူးဆောင်တံဆိပ်"ကို ရုရှားနိုင်ငံတော်ပြန်တမ်း အမိန့်ထုတ်ပြန်၍ ဂုဏ်ပြုချီးမြှင့်

============================
၁။ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ (၇၅)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားအား ဇွန်လ(၂၄)ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေး ဝန်ကြီး Army General Sergei Kuzhugetovich Shoigu ၏ ဖိတ်ကြားချက်အရအဆိုပါ အခမ်းအနားသို့ တက်ရောက်ရန်အတွက် မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သောမြန်မာ့တပ်မတော်ကိုယ် စားလှယ်အဖွဲ့သည် ဇွန်လ(၂၂)ရက်နေ့တွင် ရုရှားနိုင်ငံသို့ စတင်ထွက်ခွာခဲ့ပြီး ဇွန်လ(၂၃)ရက်နေ့ ဒေသစံ တော်ချိန်ညနေပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိခဲ့ပြီးဖြစ်ပါသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ၎င်းတို့တပ်မတော်နေ့အခမ်းအနားအတွက် နိုင်ငံပေါင်း ၁၉ နိုင်ငံမှ နိုင်ငံခေါင်း ဆောင်များအားဖိတ်ကြားခြင်းဖြစ်ပြီး တရုတ်နိုင်ငံမှ သမ္မတ ရှီကျင်းဖျင်၊ အိန္ဒိယသမ္မတတို့အပြင် မြန်မာနိုင်ငံမှ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်လည်း ၎င်းသမ္မတများနည်းတူ ဖိတ်ကြားခံရခြင်းဖြစ်ပါသည်။
#တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား “"စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဂုဏ်ထူးဆောင်တံဆိပ်"” ချီးမြှင့်ခြင်း
=================================
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေသည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၊ဒုတိယကာကွယ်ရေးဝန်ကြီးမှ Medal of the Ministry of Defense of Russia “For Strengthening the Military Commonwealth” ဆုံတံဆိပ်အား ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
#ဆုံတံဆိပ်၏ သမိုင်းကြောင်း
အဆိုပါ Medal of the Ministry of Defense of Russia “For Strengthening the Military Commonwealth” ဆုတံဆိပ်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၏ အမိန့်အမှတ် ၁၂၃ ဖြင့် ၂၇.၃.၁၉၉၅ ခုနှစ်တွင် စတင်ထုတ်ပြန်ခဲ့ပေးအပ်ခဲ့ခြင်းဖြစ်ပါသည်။
၎င်းဆုတံဆိပ်ကို စစ်မှုထမ်းများအပြင် အရပ်ဘက်တာဝန်ထမ်းဆောင်သူများ(သို့မဟုတ်)နိုင်ငံခြားသားများကိုပါ ပေးအပ်ချီးမြှင့်နိုင်ကြောင်းနှင့် ဆုတံဆိပ်ပေးအပ်နိုင်သည့် လူပုဂ္ဂိုလ်များ ရွေးချယ်ရာ၌ ရုရှားနိုင်ငံနှင့်နိုင်ငံရေး/စစ်ရေးအရ အကျိုးပြုလုပ်ငန်းများကို အပြန်အလှန် စွမ်းစွမ်းတမံ ဆောင်ရွက်သည့်သူများကိုသာ ရွေးချယ်ပေးအပ်ကြောင်း သိရှိရပါသည်။
ဆုချီးမြှင့်ခြင်းကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၏ စည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများအတိုင်း ကာကွယ်ရေးဝန်ကြီး၏ အမိန့်အတိုင်းဆောက်ရွက်လျက်ရှိပါသည်။ဆုတံဆိပ်ကို ကာကွယ်ရေးဝန်ကြီးကိုယ်တိုင်သော်လည်းကောင်း၊ ရံဖန်ရံခါတွင် ကာကွယ်ရေးဝန်ကြီးကိုယ်တိုင်မဟုတ်သော်လည်း အဆင့်တူညီသော လူပုဂ္ဂိုလ်တစ်ဦးမှ ၎င်းဆုတံဆိပ်ကိုချီးမြှင့်ပေးအပ်ခြင်းဆောင်ရွက်နိုင်ကြောင်း သိရှိရပါသည်။
#ဆုတံဆိပ်၏ ရည်ရွယ်ချက်၊ အရွယ်အစားနှင့်သတ်မှတ်ချက်များ
===================================
ဆုတံဆိပ်ကို တပ်မတော်အတွက် တိုက်ခိုက်ရေးရာအတွက်တွင်လည်းကောင်း၊ တပ်မတော်၏ဖွံဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များတွင် လည်းကောင်း စွမ်းစွမ်းတမံ ဆောင်ရွက်ပြုလုပ်ပေးခဲ့သူများကို ချီးမြှင့်ခဲ့ပါသည်။
ဆုတံဆိပ်များတပ်ဆပ်ခြင်းနှင့်ပတ်သက်၍ ၎င်းဆုတံဆိပ်ကို ဘယ်ဘက်ရင်ဘတ်ပေါ်တွင် တပ်ဆင်ရပါသည်။ဆုတံဆိပ်ကို သတ္တုနှင့်ရွှေပေါင်းစပ်ကာပြုလုပ်ထားပြီး အရွယ်အစားမှာ အချင်း ၃.၂ စင်တီမီတာရှိသောအဝိုင်းပုံသဏ္တန် ရှိပါသည်။ ဆုတံဆိပ်၏မျက်နှာပြင်ပေါ်တွင် ဒိုင်းတံချပ်နှင့် ဓားနှစ်ချောင်းပါဝင်ပြီး ဒိုင်းပေါ်တွင် "ЗА УКРЕПЛЕНИЕ БОЕВОГО СОДРУЖЕСТВА" ဟူ၍ရေးထွင်းထားပါသည်။ ဆုတံဆိပ်၏ အောက်ပိုင်း၌ သစ်ပင်အခက်များဖြင့် ဝိုင်းပတ်ထား၍ တဖက်ခြမ်းတွင် ရုရှားနိုင်ငံတော်တံဆိပ်နှင့် အဝိုင်းပတ်ပတ်လည်တွင်ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန ဟုရေးထွင်းထားပါသည်။
=============================
အဆိုပါဆုတံဆိပ်အား ၁၉၉၆ခုနှစ်၊ ဇန်နဝါရီလ ၃ရက်နေ့တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန အမိန့်အမှတ် ၅၃အရ ၈၂ ဉီးကို စတင်ချီးမြှင့်ပေးအပ်ခဲ့ပါသည်။ အဆိုပါဆုတံဆိပ်ရရှိပြီးသူများအနက် ထင်ရှားကျော်ကြားသော လူပုဂ္ဂိုလ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
(၁) Nikolai Noskov
=====================
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ နာမည်ကြီး အဆိုတော်တစ်ဦး ဖြစ်ပါသည်။
သူသည် ချေချင်းညာတွင် တိုက်ပွဲဝင်နေသော စစ်သည်များအတွက်စိတ်ဓာတ်ခွန်အားပေးသည့် အထောက်အပံ့အကူအညီများ များစွာ ကူညီဆောင်ရွက်ပေးခဲ့ပါသည်။ ထို့ပြင် Rock Against Drugs အမည်ဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်မှုများကိုလည်း စွမ်းစွမ်းတမံ ဆောင်ရွက်နေဆဲ အဆိုတော် ပရဟိတတစ်ဦးဖြစ်ပါသည်။
(၂)Alexander Buynov
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ နာမည်ကြီး အဆိုတော်တစ်ဦး ဖြစ်ပါသည်။ သူသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ကာကွယ်ရေးဝန်ကြီးဌာနအောက်တွင် ရုရှားတပ်မတော်အတွက်လိုအပ်သော အထောက်အပံ့များနှင့် တပ်မတော်၏ ဖျော်ဖြေပွဲများတွင်လည်း "အခမဲ့" ပါဝင် ကူညီသီဆိုပေးခဲ့သူလည်းဖြစ်ပါသည်။ ထို့အပြင် ကာကွယ်ရေးဝန်ကြီးဌာနမှချီးမြှင့်သော For Assistance to the Ministry of Internal Affairs of Russia နှင့် Special Forces of Russia ဆုတံဆိပ်များကိုလည်းလက်ခံရရှိခဲ့သူတစ်ဦးဖြစ်ပါသည်။
(၃)Nikolai Pereyaslov
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏နာမည်ကြီးစာရေးဆရာတစ်ဦးဖြစ်ပါသည်။၂၀၀၀ခုနှစ်တွင် ချေခြင်းညာတွင် တိုက်ပွဲဝင်နေသော ရုရှားတပ်မတော်သားများ၏ စွမ်းဆောင်မှုများအား ရုပ်လုံးပေါ်အောင်ရေးသားပေးမှုနှင့် တပ်မတော်အကြောင်းဆောင်းပါးများကို ရေးသားပေးမှုအတွက်လည်းချီးမြှင့်ခြင်းခံခဲ့ရပါသည်။
(၄)Zyatdinov K. Sh
Kazan Academy of Medicine ၏ ကျောင်းအုပ်ကြီး တစ်ဦးဖြစ်ပါသည်။ ၎င်းကို ဆေးပညာနယ်ပယ်တွင် ကြီးမားသောအောင်မြင်မှုရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းအား အသိအမှတ်ပြုခြင်းကြောင့် အဆိုပါဆုတံဆိပ်ကို ပေးအပ်ချီးမြှင့်ခြင်းဆောင်ရွက်ပေးခဲ့ပါသည်။
(၅) Marco Antonio Peyrot
မက္ကဆီကို နိုင်ငံ၏ ရေတပ်ဗိုလ်ချုပ်ကြီး တစ်ဦးဖြစ်ပါသည်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မက္ကဆီကိုနိုင်ငံ တို့အကြား နှစ်နိုင်ငံစစ်ဘက်ဆက်ဆံမှုများ တိုးတက်ကောင်းမွန်အောင် ဆောက်ရွက်နိုင်ခဲ့ခြင်းအတွက် ၂၀၀၆ခုနှစ် ဩဂုတ်လတွင် အဆိုပါဆုတံဆိပ်အား ချီးမြှင့်ခဲ့ပါသည်။
Sources:
1.) Official Website of Ministry of Defence

0 comments:

Post a Comment