Saturday, June 20, 2020

အမေရိကန်တွင် လူမည်းများအခွင့်အရေးအတွက် ဆန္ဒပြမှုများပြင်းထန်နေပြီး ဆန္ဒပြသူများက ဂျော့ဝါရှင်တန်ရုပ်တုအား မီးရှို့ဖျက်ဆီးဖြိုလှဲ

အမေရိကန်ပြည်ထောင်စု၊ အောရီဂွန်ပြည်နယ်၊ ပို့တ်လန်မြို့ရှိ ဂျော့ဝါရှင်တန်ရုပ်တုကို ဆန္ဒပြသူများက မီးရှို့ဖျက်ဆီးပြီး ဖြိုလှဲခဲ့ကြသည်။
ဆန္ဒပြသူတို့သည် အမေရိကန်ပြည်ထောင်စု၏ ပထမဆုံး သမ္မတ ဂျော့ဝါရှင်တန်ပုံတူ ကြေးရုပ်တုကို ကြာသပတေးနေ့က မီးရှို့ဖျက်ဆီးကြကာ ဖြိုလှဲခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။ ဂျော့ဝါရှင်တန်သည် ၁၇၀၀ ခုနှစ်များက ကျွန်များပိုင်ဆိုင်ခဲ့ခြင်းကြောင့် ထိုသို့ဖျက်ဆီးကြခြင်းဖြစ်သည်ဆို၏။
ဂျော့ဖလွိုက်ဒ် သေဆုံးမှုမှစတင်၍ လူမည်းများအခွင့်အရေးအတွက် ဆန္ဒပြသူ ၂၀ ခန့်သည် ထိုနေ့ည ၁၀ နာရီခန့်က ဂျော့ဝါရှင်တန်ရုပ်တုအနီးဝယ် စုရုံးကြပြီးနောက် ယခုကဲ့သို့ ဖျက်ဆီး ဖြိုလှဲကြခြင်းဖြစ်ကြောင်းသိရသည်။
မေလ ၂၆ ရက်နေ့က စတင်ခဲ့သော အဆိုပါ ဆန္ဒပြမှုများသည် ယခုအခါ ရက်သတ္တ ၃ ပတ်ကြာမြင့်လာခဲ့ပြီဖြစ်သည်။
အမေရိကန်ပြည်ထောင်စုတွင် COVID-19 ကူးစက်ပြန့်နှံ့မှုအရှိန်မှာလည်း မြင့်မားနေဆဲဖြစ်ကာ ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကူးစက်မှုအစ် ၃၃၀၆၉ ခုကိုတွေ့ရှိခဲ့ပြီး၊ COVID-19 ကြောင့် ထပ်မံသေဆုံးသူ ၇၁၄ ဦးရှိခဲ့ကာ၊ ကူးစက်သူ စုစုပေါင်း ၂သန်းကျော်(၂၂၉၇၁၉၀ ဦးခန့်)ရှိပြီး သေဆုံးသူ စုစုပေါင်း ၁၂၁၄၀၇ ဦးရှိပြီဖြစ်သည်။ သက်သာပျောက်ကင်းခဲ့သူ စုစုပေါင်းမှာမူ ၉၅၆၀၆၁ ဦးရှိသည်။
Source: The New York Post
Ref: George Washington statue in Portland toppled, set on fire
Photo: Twitter
Crd : Popular News

0 comments:

Post a Comment