Tuesday, June 16, 2020

ဖလမ်း( ဆူရ်ဘုန်)လေဆိပ်တွင် လေယာဉ်များ ဇွန်လကုန်တွင် ဆင်းသက်နိုင်မည်

ဖလမ်း( ဆူရ်ဘုန် )လေဆိပ်တည်ဆောက်ရေးလုပ်ငန်းတွေ ပြီးစီးခါနီးပြီဖြစ်တဲ့အတွက် အခုလကုန်ပိုင်း လောက်မှာ လေယာဉ်တွေဆင်းနိုင်တော့မှာဖြစ်တယ်လို့ ချင်းပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန် မင်းထန်ကပြောပါတယ်။
လတ်တလောမှာ လေယာဉ်ပြေးလမ်းတည်ဆောက်ပြီးသွားပြီဖြစ်ပြီး ဇွန်လကုန်ပိုင်းလောက်ရောက်မှလေယာဉ်တွေဆင်းဖို့ အဆင်သင့်ဖြစ်နိုင်မယ်လို့ ဦးပေါင်လွန်မင်းထန်က ပြောပါတယ်။
ချင်းပြည်နယ်ရဲ့ အဓိကကျတဲ့ဖလမ်း(ဆူရ်ဘုန်) လေဆိပ်ဟာ လက်ရှိအချိန်မှာလေယာဉ်ပြေးလမ်းအပါအဝင် လေဆိပ်တည်ဆောက်ရေးလုပ်ငန်း ရာခိုင်နှုန်းတော်တော်များများပြီးစီးနေပြီလို့ ဆိုပါတယ်။
လေဆိပ်တည်ဆောက်မှုကုန်ကျစရိတ်အနေနဲ့ ကျပ်(၃၄)ဘီလီယံခန့် ကုန်ကျမှာဖြစ်ပြီး လက်ရှိမှာတော့ (၃၂)ဘီလီယံ သုံးစွဲထားပြီးဖြစ်တယ်လို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်က ဇွန်လ(၁၂)ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။
အဲဒီလေယာဉ်ကွင်းကို ပြည်ထောင်စုအစိုးရဘတ်ဂျက်နဲ့ (၂၀၁၅-၂၀၁၆)ခုနှစ်ကစတင်တည်ဆောက်ခဲ့တာဖြစ်ပြီး လေဆိပ်ပြီးစီးသွားရင် ချင်းပြည်နယ်ရဲ့ပထမဆုံးလေဆိပ်ဖြစ်လာမှာ ဖြစ်ပါတယ်။
crd-One News Myanmar #Myanmar_Online_News
>>zawgyi<<

0 comments:

Post a Comment