Wednesday, June 24, 2020

ထိုင်းနိုင်ငံမှာ သတ်ခံရတယ်လို့ယူဆရတဲ့ မြန်မာအမျိုးသမီးငယ်တစ်ဦးရဲ့ ရုပ်အလောင်းကို ဒွယ်ဖာ့ပါရွာသချိုင်းသို့ ပို့ဆောင်သဂြိုလ်

ထိုင်းနိုင်ငံ၊ ချင်းရိုင်မြို့နယ်မှာ အသတ်ခံရတယ်လို့ယူဆရတဲ့ မြန်မာအမျိုးသမီးငယ်တစ်ဦးရဲ့ ရုပ်အလောင်းကို ဇွန်လ ၂၃ရက်၊ နေ့လည်ပိုင်းအချိန်က ဒွယ်ဖာ့ပါရွာသချိုင်းသို့ ပို့ဆောင်သဂြိုလ်ခဲ့ကြောင်း တွဲလက်ပရဟိတအသင်း (ချင်းရိုင်)ထံမှ သိရပါတယ်။
ချင်းရိုင်မြို့နယ်၊ ဘူးလော့လက်ဖက်ခြံမှာနေထိုင်တဲ့ ဦးမြစိုးနဲ့ ဒေါ်ထွေးတင်(ဇာတိ-မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ကုလားရှင်ရွာ)ရဲ့ သမီးဖြစ်သူ မတင်မာစိုး(အသက်-၂၁နှစ်)က ဇွန်လ ၁၆ရက်က ဘူလော့ဈေးသစ်သို့ ဈေးဝယ်သွားရာမှ ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး ဇွန်လ ၂၁ရက်၊ ညနေပိုင်းအချိန်မှာတော့ ဘူးလော့လက်ဖက်ခြံရဲ့ နောက်ကျောက်ဘက်ရှိ တောင်ပေါ်ရှိ ကျောက်ဆောင်ပေါ်မှာ မှောက်လက်အနေအထားနဲ့ သေဆုံးနေတာကို တွေ့ရှိရကြောင်း သိရပါတယ်။
သေဆုံးသူရဲ့ ရုပ်အလောင်းကို ချင်းရိုင်ဆေးရုံကြီးသို့ ပို့ဆောင်ကာ ဆေးစစ်ချက်တွေ ရယူထားပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းတွေမှ ကြိုးစားဖော်ထုတ်နေလျက်ရှိကြောင်း သိရပါတယ်။
Ref ; ရွှေတြိဂံဒေသသတင်းလွှာ

0 comments:

Post a Comment