Monday, June 8, 2020

မုံရွာမြို့တွင် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် နုတ်ထွက်ပေးရေးနှင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတ တင်ပေးရေး တစ်ကိုယ်တော်ဆန္ဒပြတောင်းဆိုမှုပြုလုပ်

ယနေ့ ဇွန်လ ၈ ရက်နေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ရာထူးမှနှုတ်ထွက်ပေးရန် တစ်ကိုယ်တော်ဆန္ဒပြတောင်းဆိုမှုတစ်ခုစစ်ကိုင်းတိုင်း မုံရွာမြို့တွင်ဖြစ်ပွားခဲ့သည်။
ဆန္ဒထုတ်ဖော်သူသည် မုံရွာမြို့နယ်အတွင်းရှိ စစ်ပင်ရပ်ကွက်တွင် နေထိုင်သည့် အသက် ၄၀ ကျော်အရွယ် ဦးမွှေးကြူ ဆိုသူဖြစ်ပြီး ယနေ့မနက်ပိုင်းက အလုံတပ်မြို့ဘက်မှ မုံရွာမြို့အောင်ချမ်းသာရပ်ကွက်အထိ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ကြောင်း ၊ ဆန္ဒထုတ်ဖော်ရာတွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ တင်ပေးရေး ဒို့အရေး လူထုဆန္ဒ ခံယူပွဲ ၂၀၂၀ တွင် ကျင်းပပေးရေး ၊စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ကို တာဝန်မှ ရပ်စဲပေးရေး ဒို့အရေး ၊မုံရွာတိုင်းမြို့တော် အလုံတပ်မြို့ စစ်ပင် မွှေးကြူ ဆိုသည့် စာသားများကို ဂျက်ဖျာ ကပ်ထူ စက္ကူပေါ်တွင် ဆော့ပင်နီဖြင့် ရေးကာ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။
"သူက ဒီမှာနေတာ မဟုတ်ဘူး။ ခြေသလုံး အိမ်တိုင် လျှောက်သွားနေတာ။ သူက ခဏ ခဏ ဆန္ဒတွေ ပြတာတွေ လုပ်တယ်။ သူက စိတ်ကျန်းမာရေး သိပ်ကောင်းကောင်းကြီး မဟုတ်ဘူး။ နဂိုကတော့ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ် နှစ်ဆယ်လောက်ကတော့ ဒီမှာနေကြတာပေါ့။ အခုကတော့ အိမ်ကလည်း မရှိတော့ဘူး။ ဆွေမျိုးသားချင်းလည်း မရှိဘူး။ တစ်ကောင်ကြွက်ပဲ သွားချင်ရာသွား လာချင်ရာလာ လုပ်နေတာ"ဟု စစ်ပင် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းဝေ က ပြောသည်။
တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့ခြင်းအတွက် တရာဝင်ခွင့်ပြုချက် ရယူခဲ့ခြင်းမရှိသလို အကြောင်းကြားမှုလည်း မရှိကြောင်း ၊ ယင်းကြောင့် ဆန္ဒထုတ်ဖော်သူကို မုံရွာမြို့မရဲစခန်းတွင် ဖမ်းဆီးထားပြီး အမှုဖွင့်အရေးယူနိုင်ရေးအတွက် အထက်သို့ တင်ပြထားကြောင်း၊ ၎င်းအား မေးမြန်းချက်အရ ဆန္ဒထုတ်ဖော်သူ ၏ စိတ်သည် ပုံမှန်ထက်ပိုနေသူဖြစ်ကြောင်း မုံရွာမြို့မရဲစခန်း မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။
မုံရွာမြို့ဒေသခံများ နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး များ ၏ ပြောပြချက်အရ ၎င်းသည်မုံရွာမြို့ရှိ ဝင်းယူနတီဟိုတယ်နားတွင် ဝန်ကြီးချုပ်နုတ်ထွက်ပေးရန် စာရေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆန္ဒပြတာမှုနှင့်ပတ်သက်၍ ခွင့်ပြုမိန့် မယူတဲ့အတွက် ရဲစခန်းကဖမ်းဆီးထားတာ ဖြစ်တယ်လို့ သိရပြီး အမှုဖွင့်မဖွင့်ကိုတော့ လတ်တလောမပြောနိုင်သေးကြောင်းနဲ့ အထက်က ညွှန်ကြားချက်ရှိလာရင်တော့ အမှုဖွင့်သွားမှာဖြစ်ကြောင်း သိရပါသည်။
Crd : VIDYA

0 comments:

Post a Comment