Tuesday, June 16, 2020

ထိုင်းနိုင်တွင် ညမထွက်ရအမိန့် ရုတ်သိမ်း

ထိုင်းနိုင်ငံမှာ၂၁ ရက်ကြာ ပြည်တွင်းရောဂါကူးစက်မှုမတွေ့ရတော့တာကြောင့် နှစ်လကျော်ကြာအောင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ရုတ်သိမ်းလိုက်ပြီလို့ သိရပါတယ်။
ဇန်နဝါရီလကစပြီး ထိုင်းပြည်သူတွေရဲ့အပြင်ထွက်တိုင်း နှာခေါင်းစည်းဝတ်ဆင်တဲ့အလေ့အကျင့်၊ နယ်စပ် တွေပိတ်ပစ်ခြင်း၊ စီးပွားရေးလုပ်ငန်းတွေပိတ်ထားခြင်းနဲ့ ညမထွက်ရအမိန့်ထုတ်ပြန် ခဲ့ခြင်းတွေ ကြောင့် ရောဂါပိုးပျံ့ပွားမှုကို ထိန်းချုပ်နိုင်ခဲ့တာဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။
ထိုင်းနိုင်ငံမှာ စာသင်ကျောင်းတွေ၊ ပြခန်းတွေ၊ ဂီတဖျော်ဖြေပွဲတွေ၊ ရုပ်ရှင်ထုတ်လုပ်ရေးတွေ၊ ကလေးက စားကွင်းတွေ၊ အပန်းဖြေကစားကွင်းတွေနဲ့ အားကစားပြိုင်ပွဲတွေကိုလည်း လူဦးရေအကန့်အသတ်နဲ့ ပြန် ဖွင့်ခွင့်ပေးလိုက်ပြီဖြစ်ပါတယ်။
အရက်ဆိုင်၊ အရက်ဘားနဲ့ကာရာအိုကေဆိုင်တွေကို ပိတ်ထားရဦးမှာဖြစ်ပေမယ့် လွန်ခဲ့တဲ့နှစ်ပတ်ကစလို့ စည်းမျဉ်းသတ်မှတ်ချက်တွေနဲ့ပြန်ဖွင့်ခွင့်ပေးခဲ့တဲ့စားသောက်ဆိုင်တွေမှာ အရက်ရောင်းချခွင့်ရရှိပြီဖြစ်တယ် လို့ သိရပါတယ်။
ထိုင်းနိုင်ငံမှာ ဇွန်လ ၁၆ ရက်အထိ ရောဂါကူးစက်ခံရသူအရေအတွက် ၃၁၃၅ ဦးနဲ့သေဆုံးသူ ၅၈ ဦးရှိနေပြီဖြစ်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
crd-Pyi Myanmar #Myanmar_Online_News
>>zawgyi<<

0 comments:

Post a Comment