Monday, June 8, 2020

ထိုင်းနိုင်ငံ၌ တပ်ဖွဲ့ပိုင်ရဟတ်ယာဉ် မလျော်သုံးစွဲမှုဖြင့် ရဲဗိုလ်ချုပ်တစ်ဦး နယ်ပြောင်းအပြစ်ပေးခံရ

ထိုင်းနိုင်ငံတောင်ပိုင်းတွင် တာဝန်ထမ်းဆောင်နေသည့် ခရီးသွားရဲတပ်ဖွဲ့မှ ရဲဗိုလ်ချုပ်တစ်ဦးအား တပ်ဖွဲ့ပိုင် ရဟတ်ယာဉ်ကို ကိုယ်ကျိုးအတွက် မလျော်သုံးစွဲမှုဖြင့် ဇွန် ၇ ရက်တွင် နယ်ပြောင်းပြစ်ဒဏ် ချမှတ်လိုက်ကြောင်း သိရသည်။
နခွန်ဆရီသန်မာရတ်(Nakhon Sri Thammarat)ပြည်နယ်အတွင်းရှိ Ai Khai ဘုရားကျောင်းပရဝဏ်၌ မကြာသေးမီက ကျင်းပပြုလုပ်ခဲ့သည့် သီးသန့် ရွတ်ဖတ်သရဇ္ဈာယ်ဆုတောင်းပွဲသို့ တပ်ဖွဲ့ပိုင် ရဟတ်ယာဉ်ကို အသုံးပြု၍ သွားရောက်ခဲ့ခြင်းကြောင့် ဟတ်ရိုင်(Hat Yai) အခြေ စိုက် အမှတ်(၃) ခရီးသွားရဲတပ်ဖွဲ့မှ တပ်မှူး ရဲဗိုလ်ချုပ် Kritsasak Soongmulnark အား အ ခြား အရေးမပါသော ဌာနတစ်ခုသို့ ပြောင်းရွှေ့အပြစ်ပေးလိုက်ခြင်းဖြစ်ကြောင်း ဒုတိယရဲချုပ် ၏ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး Krissana Pattanacharoen က ဆိုသည်။
ရဟတ်ယာဉ်ဆင်းသက်ခဲ့သော ဘုရားကျောင်းပုရဝဏ် မြေပြင်ပေါ်တွင် ရွတ်ဖတ်ဆုတောင်းပွဲပြုလုပ်နေစဉ် မီးရှူးမီးပန်း သုံးသန်း ပစ်လွှတ်ခဲ့ကြောင်း ၊ ပုံမှန်အားဖြင့် ယင်းနေရာကို တာဝန်ရှိသူများ၏ ကားရပ်နားရန်သာ အသုံးပြုလေ့ရှိကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်အား ခုနှစ်ရက်အတွင်း စုံစမ်းစစ်ဆေးရန် ခရီးသွားရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲဒုတိယဗိုလ်ချုပ်ကြီး Chettha Komolwattana က ရဲကော်မတီတစ်ရပ်ကိုဖွဲ့စည်းရန် အမိန့်ပေးထားကြောင်း ရဲမှူးကြီး Krissana က ဆိုသည်။
Ref ; Xinhua

0 comments:

Post a Comment