Thursday, June 25, 2020

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ရောဂါ ကျရောက်လျှက်ရှိစဉ် ဒုက္ခသည်ဘင်္ဂါလီများ အမြန်ဆုံးနေရပ်ပြန်ရေး မြန်မာကို ပိုမိုဖိအားပေးမည်ဖြစ်ကြောင်း ဘင်္ဂလားဒက်ရှ်ကို ဗြိတိန် ကတိပြု

ဒုက္ခသည်ဘင်္ဂါလီ ( မူရင်း ရိုဟင်ဂျာဟု ဖော်ပြ ) အကြပ်အတည်းတွင် ရေရှည်တည်တန့်မည့် အကြပ်အတည်းအဖြေရှာရေးအဖြစ် ရခိုင်ပြည်နယ်အတွင်း အမြန်ဆုံးနေရပ်ပြန်စေရေး ဗြိတိန်နိုင်ငံက မြန်မာအပေါ် ပိုမိုဖိအားပေးရန် ဘင်္ဂလားဒက်ရှ်က တောင်းဆိုလိုက်သည်ဟု bdnews24 က ယနေ့ရေးသားသည်။
ဗုဒ္ဓဟူးနေ့၌ ဗြိတိသျှ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဝန်ကြီး အင်နီမာရီထရီဗဲလ်ယန်နှင့် ဗွီဒီယိုရုပ်သံမှတဆင့် ဆွေးနွေးရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အေကေအဗ္ဗဒူမိုမန်က ယခုကဲ့သို့ တောင်းဆိုခြင်းဖြစ်သည်ဆို၏။
ဗြိတိန်နိုင်ငံဖြစ်ပွားလျှက်ရှိသော COVID-19 ပြင်းထန်မှု အပေါ် မိမိတို့အနေဖြင့် ကောင်းစွာ စာနာနားလည်ပါကြောင်း မိုမန်က ပြောကြားသည်။ ဘင်္ဂလားဒက်ရှ်၏ ကိုရိုနာဗိုင်းရပ်စ်ရောဂါ တားဆီးတိုက်ဖျက်ရေး အစီအစဉ်များ၊ ပြည်ပနှင့် အထူးသဖြင့် အရှေ့အလယ်ပိုင်းရောက် ဘင်္ဂလားဒက်ရှ်ရွှေ့ပြောင်းအလုပ်သမားများ၏ အလုပ်အကိုင်ဆုံးရှုံးမှုများအပါအဝင် ကူးစက်ကပ်ရောဂါကြောင့် ဘင်္ဂလားဒက်ရှ်၏ စီးပွားရေးနှင့်လူမှုရေးဆိုင်ရာ သက်ရောက်မှုများအကြောင်းတို့ကို ရှင်းပြသည်။
အခက်အခဲကိုကျော်လွှားနိုင်ရန်အတွက် ဗြိတိန်နိုင်ငံ၏ အကူအညီလိုအပ်ကြောင်း၊ မြန်မာနိုင်ငံသည် ဒုက္ခသည် ဘင်္ဂါလီများ နေရပ်ပြန်ရေးအတွက် မည်သည့်အရာမျှ လုပ်ဆောင်ခြင်းမရှိသေးကြောင်း ပြောကြားခဲ့သည်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု ဆိုင်းငံ့ထားခြင်းအပါအဝင် မြန်မာနိုင်ငံအပေါ် ပိုမို ဖိအားပေးမှုမရှိပဲ ဒုက္ခသည်ဘင်္ဂါလီပြဿနာကို ဖြေရှင်းနိုင်လိမ့်မည်မဟုတ်ဟု အခိုင်အမာယုံကြည်ကြောင်း မိုမန်က ဆက်လက်ပြောဆိုသည်။
ဗြိတိန်နိုင်ငံက အထောက်အပံ့ပေးထားသော ကိုရိုနာဗိုင်းရပ်စ်ရောဂါကုသရေးနှင့် ကူးစက်ခံရသူများသီးခြားခွဲထား ရေးစင်တာများသည် ဘင်္ဂလားဒက်ရှ်နှင့် ကော့ခ်ဘဇားရှိ ဒုက္ခသည်ဘင်္ဂါလီအသိုင်းအဝိုင်းတို့အတွက် ကူညီရာရောက်ရှိသည်ဟု ရှု့မြင်ကြောင်း ထရီဗဲလ်ယန်က တုန့်ပြန်ပြောဆိုသည်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါတိုက်ဖျက်ရေး အတွက် ဘင်္ဂလားဒက်ရှ်နိုင်ငံအား ပေါင်ငွေ ၂၁-သန်းကျော် လှူဒါန်းခဲ့ကြောင်း၊ ဒုက္ခသည်ဘင်္ဂါလီများ လုံခြုံ၊ ဂုဏ်သိက္ခာရှိစွာ ၊ ၎င်းတို့ဆန္ဒအလျောက် နေရပ်ပြန်နိုင်ရေးဖြစ်ထွန်းလာသည်အထိ ဗြိတိန်အစိုးရအနေဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၊ အပြည်ပြည်ဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းများ၊ ဘင်္ဂလားဒက်ရှ်နိုင်ငံတို့နှင့်အတူ လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗြိတိန်နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဝန်ကြီးက ကတိပြုသည်။
crd-Htay Oung #Myanmar_Online_News
>>zawgyi<<

0 comments:

Post a Comment