Friday, June 26, 2020

တရားမဝင် စီးပွားရေးလုပ်ငန်းများမှ လာဘ်ငွေရယူမှုကြောင့် ကျွန်းလှမြို့ဒုမြို့နယ် အုပ်ချုပ်ရေးမှုးအပါအဝင် ရဲတပ်ဖွဲ့မှထိပ်ပိုင်းခေါင်းဆောင်အချို့ ဖမ်းဆီးထိန်းသိမ်းခံထားရ

ကျွန်းလှမြို့ ဒုမြို့နယ်အုပ်ချုပ်ရေးမှုးအပါအဝင် ရဲတပ်ဖွဲ့မှထိပ်ပိုင်းခေါင်းဆောင်အချို့ ဖမ်းဆီးထိန်းသိမ်းခံရကြောင်း ကျွန်းလှမြို့နယ် မဲဆန္ဒနယ်မြေ အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လင်းက ပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျွန်းလှမြို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှုးအပါအဝင် ယင်းမြို့နယ်၏ ရဲတပ်ဖွဲ့မှ ထိပ်ပိုင်းခေါင်းဆောင်အချို့ ဇွန် ၂၅ ရက်နှင့် ဇွန် ၂၆ ရက်က ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်းဖြစ်သည်။
အဆိုပါကျွန်းလှမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှုးအပါအဝင် ယင်းမြို့နယ် ရဲတပ်ဖွဲ့မှ ထိပ်ပိုင်းခေါင်းဆောင်အချို့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရမှုသည် ဒေသတွင်း တရားမဝင် သစ်ကိစ္စနှင့် သဖန်းဆိပ်ဆည်အတွင်း ရွှေမျောသမားများထံမှ လာဘ်ငွေရယူခဲ့မှုနှင့် ပတ်သက်နိုင်ကြောင်း သိရသည်။
"သေချာတယ် ညက ရဲတပ်ဖွဲ့က အရာရှိလေးယောက် ခေါ်သွားတယ်။ ကျွန်းလှမြို့နယ်က ရဲမှုးရယ်၊ စခန်းမှုးရယ် နယ်ထိန်းရယ် နောက်ပြီးတော့ ကန့်ဘလူခရိုင်က တစ်ယောက်ရယ်။ ကျွန်းလှမြို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှုး စိုးကိုကိုကတော့ မနက်က ခေါ်သွားတယ်။ အားလုံးပေါင်း ငါးယောက်ပေါ့နော်။ ရွှေမျောကိစ္စနဲ့ သစ်ကိစ္စလို့ ခန့်မှန်းရတာပေါ့နော်" ဟု ကျွန်းလှမြို့နယ် မဲဆန္ဒနယ်မြေ အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လင်းက ပြောကြားသည်။
ဇွန် ၂၅ ရက် ညနေပိုင်းက ကျွန်းလှမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအာင်မျိုးဦး၊ ကျွန်းလှစခန်းမှူး ဒုရဲမှူး သန်းထိုက်၊ ကန့်ဘလူခရိုင် ဒနခေါင်းဆောင် ရဲအုပ်ရဲလင်း၊ ကျွန်းလှနယ် ထိန်းခေါင်းဆောင် ဒုရဲအုပ် မျိုးလွင်တို့ကို ရွှေဘိုခရိုင် ရဲတပ်ဖွဲ့က မုံရွာသို့ ခေါ်ဆောင်သွားသည်ဟု လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့ခဲ့သည်။
ပြီးခဲ့သည့်လက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျွန်းလှမြို့သို့ ရောက်ရှိလာပြီး စုံစမ်းစစ်ဆေးရေးများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
Crd : Eleven

0 comments:

Post a Comment