Friday, June 19, 2020

ထီးချိုင့်မြို့မှာ အသက် ၁၆ နှစ် အရွယ်ရှိ ကိုဗစ်သံသယလူနာ သေဆုံး

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်မှာ ကိုဗစ်-၁၉သံသယ နဲ့ စောင့်ကြည့် ဆေးကုသမှုခံယူနေတဲ့ လူနာ အမျိုးသားတစ်ဦး ဘနေ့မနက်ပိုင်းက ထီးချိုင့်ဆေးရုံမှာ သေဆုံးခဲ့တာကြောင့် မိသားစုကို အသွားအလာကန့်သတ်ထားတယ်လို့ ထီးချိုင့်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဟိန်းဟန်က ပြောပါတယ်။
"သူက ခရီးသွားရာဇဝင် မရှိပါဘူး။ သူက ကိုဗစ်နိုင်တီးရောဂါလက္ခဏာတွေ ရှိနေလို့ သံသယ လူနာအဖြစ် ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ သူပါ၊ သူ့ရဲ့ အာခေါင်တို့ဖတ် နမူနာနဲ့ နှာခေါင်းတို့ဖတ် နမူနာတို့ကိုတော့ မနေ့ထဲကယူထားတယ်။ ဒီနေ့တော့ ဓါတ်ခွဲစစ်ဆေးဖို့ ပို့လိုက်ပြီ။ သေဆုံးသူရဲ့ ကျန်ရစ်တဲ့မိသားစု ၆ ဦးကိုတော့ ကုတင် ၅၀ ဆံ့ ထီးချိုင့်ဆေးရုံမှာ အသွားအလာကန့်သတ်ထားတယ်"လို့ ဦးဟိန်းဟန်ကပြောပါတယ်။
သေဆုံးသူဟာ ထီးချိုင့်မြို့နယ်၊ ညောင်ပင်သာကျေးရွာအုပ်စု၊ ရွှေရွာသစ်ကျေးရွာမှာ နေထိုင်သူ ဖြစ်ပြီး ဆယ်တန်းစာမေးပွဲဖြေဆိုထားတဲ့ အသက် ၁၆ နှစ် အရွယ် အမျိုးသားတစ်ဦး ဖြစ်ပါတယ်။
သူဟာ လွန်ခဲ့တဲ့ ၅ ရက်လောက်ထဲက သွေးပေါင်းကျလို့ဆိုပြီး ညောင်ပင်သာတိုက်နယ်ဆေးရုံမှာ ဆေးကုသမှုခံယူနေရာကနေ မသက်သာပဲ ဇွန်လ ၁၈ရက်နေ့မှာတော့ ထီးချိုင့်မြို့နယ် ကုတင် ၅၀ ဆံ့ ဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့တာဖြစ်ပါတယ်။
ရွှေရွာသစ်ကျေးရွာ တာဝန်ခံ ဦးအောင်စံမြင့် ပြောပြတာက "တိုက်နယ်ဆေးရုံမှာက သုံးရက် နှစ်ည အိပ် တက်ခဲ့တယ်။ အဲ့ဒီကနေပြီးတော့ သံသယလူနာအဖြစ်နဲ့ ထီးချိုင့်မြို့ပေါ်ကို ပြန်ရောက်သွားတယ်။ ထီးချိုင့်ရောက်ပြီး ဒီနေ့မနက် ၇နာရီလောက် မှာ ပျက်စီးသွားတယ်။ သေဆုံးသူကိုတော့ ဒီနေ့နေ့လယ်မှာ သဂြိုၤလ်လိုက်တယ်။ ရွာက သူ့အိမ်ကိုတော့ လောလောဆယ်တော့ အသွားအလာကန့်သတ်ထားတယ်"လို့ ပြောပါတယ်။
ထီးချိုင့်မြို့နယ်မှာ လက်ရှိအချိန်ထိ သံသယလူနာ ရှိမနေတော့ဘဲ ပြည်ပကပြန်လာသူတွေကို အသွားအလာကန့်သတ်ထားတဲ့ နေရာ ၄၀ ခု ရှိပြီးတော့ လူဦးရေ ၄၀ ကျော် ရှိနေပြီး အဲ့ဒီထဲက အများစုကတော့ တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံက ပြန်လာသူတွေ ဖြစ်ပါတယ်။
crd-voiceofmyanmar #Myanmar_Online_News
>>zawgyi<<
ထီးချိုင့်မြို့မှာ အသက် ၁၆ နှစ် အရွယ်ရှိ ကိုဗစ်သံသယလူနာ သေဆုံး
Friday, June 19, 2020
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်မှာ ကိုဗစ်-၁၉သံသယ နဲ့ စောင့်ကြည့် ဆေးကုသမှုခံယူနေတဲ့ လူနာ အမျိုးသားတစ်ဦး ဘနေ့မနက်ပိုင်းက ထီးချိုင့်ဆေးရုံမှာ သေဆုံးခဲ့တာကြောင့် မိသားစုကို အသွားအလာကန့်သတ်ထားတယ်လို့ ထီးချိုင့်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဟိန်းဟန်က ပြောပါတယ်။
"သူက ခရီးသွားရာဇဝင် မရှိပါဘူး။ သူက ကိုဗစ်နိုင်တီးရောဂါလက္ခဏာတွေ ရှိနေလို့ သံသယ လူနာအဖြစ် ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ သူပါ၊ သူ့ရဲ့ အာခေါင်တို့ဖတ် နမူနာနဲ့ နှာခေါင်းတို့ဖတ် နမူနာတို့ကိုတော့ မနေ့ထဲကယူထားတယ်။ ဒီနေ့တော့ ဓါတ်ခွဲစစ်ဆေးဖို့ ပို့လိုက်ပြီ။ သေဆုံးသူရဲ့ ကျန်ရစ်တဲ့မိသားစု ၆ ဦးကိုတော့ ကုတင် ၅၀ ဆံ့ ထီးချိုင့်ဆေးရုံမှာ အသွားအလာကန့်သတ်ထားတယ်"လို့ ဦးဟိန်းဟန်ကပြောပါတယ်။
သေဆုံးသူဟာ ထီးချိုင့်မြို့နယ်၊ ညောင်ပင်သာကျေးရွာအုပ်စု၊ ရွှေရွာသစ်ကျေးရွာမှာ နေထိုင်သူ ဖြစ်ပြီး ဆယ်တန်းစာမေးပွဲဖြေဆိုထားတဲ့ အသက် ၁၆ နှစ် အရွယ် အမျိုးသားတစ်ဦး ဖြစ်ပါတယ်။
သူဟာ လွန်ခဲ့တဲ့ ၅ ရက်လောက်ထဲက သွေးပေါင်းကျလို့ဆိုပြီး ညောင်ပင်သာတိုက်နယ်ဆေးရုံမှာ ဆေးကုသမှုခံယူနေရာကနေ မသက်သာပဲ ဇွန်လ ၁၈ရက်နေ့မှာတော့ ထီးချိုင့်မြို့နယ် ကုတင် ၅၀ ဆံ့ ဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့တာဖြစ်ပါတယ်။
ရွှေရွာသစ်ကျေးရွာ တာဝန်ခံ ဦးအောင်စံမြင့် ပြောပြတာက "တိုက်နယ်ဆေးရုံမှာက သုံးရက် နှစ်ည အိပ် တက်ခဲ့တယ်။ အဲ့ဒီကနေပြီးတော့ သံသယလူနာအဖြစ်နဲ့ ထီးချိုင့်မြို့ပေါ်ကို ပြန်ရောက်သွားတယ်။ ထီးချိုင့်ရောက်ပြီး ဒီနေ့မနက် ၇နာရီလောက် မှာ ပျက်စီးသွားတယ်။ သေဆုံးသူကိုတော့ ဒီနေ့နေ့လယ်မှာ သဂြိုင်္လ်လိုက်တယ်။ ရွာက သူ့အိမ်ကိုတော့ လောလောဆယ်တော့ အသွားအလာကန့်သတ်ထားတယ်"လို့ ပြောပါတယ်။
ထီးချိုင့်မြို့နယ်မှာ လက်ရှိအချိန်ထိ သံသယလူနာ ရှိမနေတော့ဘဲ ပြည်ပကပြန်လာသူတွေကို အသွားအလာကန့်သတ်ထားတဲ့ နေရာ ၄၀ ခု ရှိပြီးတော့ လူဦးရေ ၄၀ ကျော် ရှိနေပြီး အဲ့ဒီထဲက အများစုကတော့ တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံက ပြန်လာသူတွေ ဖြစ်ပါတယ်။
crd-voiceofmyanmar #Myanmar_Online_News

0 comments:

Post a Comment