Monday, June 15, 2020

တူရကီနှင့် ရုရှားတို့သည် လစ်ဗျားနှင့် ဆီရီးယားတို့၏အရေးကို ကိုင်တွယ်ရန် မျှော်လင့်ပြီး ဆွေးနွေးပွဲကိုရွှေ့ဆိုင်း

ရုရှားနှင့် တူရကီတို့သည် ဝန်ကြီးများအဆင့်တွေ့ဆုံဆွေးနွေးပွဲကို ရွှေ့ဆိုင်းလိုက်ပြီး နှစ်ပေါင်းများစွာကြာရှည်ပြီးဖြစ်သောပဋိပက္ခအတွင်း နှစ်ဖက်စလုံးမှ ဆန့်ကျင်တိုက်ခိုက်နေကြသည့် လစ်ဗျားနှင့် ဆီရီးယားနိုင်ငံအပေါ်အာရုံ စိုက်ရန် မျှော်လင့်ထားပါသည်။
တူရကီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mevlut Cavusoglu နှင့် ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Sergei Lavrov တို့သည် ဇွန်လ ၁၄ ရက်နေ့တွင် တယ်လီဖုန်မှတဆင့် ဆွေးနွေးပွဲကိုရွှေ့ဆိုင်းရန်အတွက် ဆုံးဖြတ်ခဲ့ကြကြောင်း တူရကီနိုင်ငံနိုင်ငံခြားရေး ဝန်ကြီးမှ ပြောကြားခဲ့ပါသည်။
နှစ်နိုင်ငံမှ ဒုတိယဝန်ကြီးများသည် လာမည့်ကာလအတွင်း ဆက်သွယ်မှုများနှင့် ဆွေးနွေးမှုများကို ရှေ့ဆက်လုပ်ဆောင်သွားမည်ဖြစ်ပြီး ဝန်ကြီးများအဆင့်အစည်းအဝေးကို နောက်ရက်အနည်းငယ်အကြာတွင် ကျင်းပသွားမည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြထားပါသည်။
Lavrov နှင့် ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီး Sergei Shoigu တို့သည် ဆွေးနွေး မှုပြုလုပ်ရန်အတွက် Istanbul သို့ သွားရောက်ရန် စီစဉ်ထားပြီးဖြစ်ပါသည်။ ဆွေးနွေးမှုကို ဝန်ကြီးများအစည်းအဝေးတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးမှ ပြောကြားခဲ့ပါသည်။
မကြာသေးမီအပတ်က နိုင်ငံတကာမှအသိအမှတ်ပြုထားသော အမျိုးသားညီညွတ်ရေးအစိုးရ GNA ၏တပ်ဖွဲ့များသည် လစ်ဗျားအမျိုးသားတပ်မတော် LNA မှ သိမ်းပိုက်ထားသော တရီပိုလီအား တုံပြန်ခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ ကုလသမဂ္ဂမှ လစ်ဗျားနိုင်ငံတွင် အပစ်အခတ်ရပ်စဲရေးဆိုင်ရာဆွေးနွေးမှုအသစ်တစ်ခု ပြုလုပ်နေပြီ ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။
Souce - CGTN #Myanmar_Online_News

0 comments:

Post a Comment