
မက္ကဆီကိုနိုင်ငံတောင်ပိုင်းရှိ အွာဆာကာပြည်နယ် မြေအောက် ၂၆.၃ ကီလိုမီတာနေရာတစ်ခုကို ဗဟိုပြု၍ ရစ်ချ်တာစကေး အင်အား ၇.၅ ရှိ မြေငလျင်ကြီးတစ်ခု၊ ဇွန်လ ၂၃ ရက် အင်္ဂါနေ့နံနက် ဒေသစံတော်ချိန် ၁၀ နာရီခွဲခန့်က(မြန်မာစံတော်ချိန် အင်္ဂါနေ့ည ၁၀ နာရီခန့်) လှုပ်ရှားသွားခဲ့ရာ လက်ရှိသိရသမျှ ယောင်္ကျားလေး ကလေးငယ်တစ်ဦးအပါအဝင် လူ ၅ ဦးထက်မနည်းသေဆုံးပြီး အခြားသူ ၅ ဦးထက်မနည်း ဒဏ်ရာရရှိကာ ပျက်စီးဆုံးရှုံးမှုများရှိကြောင်းသိရသည်။
သို့ရာတွင် အကြီးအကျယ်ပျက်စီးမှုများတော့ မရှိကြောင်း မက္ကဆီကို သမ္မတ မန်နျူယယ်လ်လိုပက်ဇ်က ပြောကြားသည်။
ယင်းငလျင်ကြောင့် မက္ကဆီကို၊ ဂွာတီမာလာ၊ အယ်လ်ဆာဗေးဒိုးနှင့် ဟွန်ဒူးရပ်စ်တို့တွင် ဆုနမိသတိပေးချက်များ ပေါ်ပေါက်ခဲ့သည်။
ကယ်ဆယ်ရေးလုပ်ငန်းများကို တာဝန်ရှိသူတို့က ဆောင်ရွက်နေလျှက်ရှိကြောင်း သိရသည်။
ယခုမြေငလျင်လှုပ်သွားသည့် အွာဆာကာပြည်နယ်မှာ ဒေသထွက် ကော်ဖီကြောင့် ကမ္ဘာတွင် ထင်ရှားသည်။
မက္ကဆီကိုနိုင်ငံတစ်ဝန်းတွင် COVID-19 ကူးစက်မှုမှာလည်း မြင့်မားနေဆဲဖြစ််ကာ ပြီးခဲ့သည့် ၂၄ နာရီအတွင်းက အတည်ပြုလူနာသစ် ၄၅၇၇ ဦးစစ်ဆေးတွေ့ရှိခဲ့ပြီး၊ ထပ်မံသေဆုံးသူ ၇၅၉ ဦးအထိရှိခဲ့သည်။ ကူးစက်ခံရသူ စုစုပေါင်းမှာ ၁၈၅၁၂၂ ဦးရှိပြီဖြစ်ပြီး၊ သက်သာပျောက်ကင်းသူ ၁၄၀၁၁၈ ဦးရှိကာ၊ သေဆုံးသူ စုစုပေါင်း ၂၂၅၈၄ ဦးရှိကြောင်းသိရသည်။








Source: Daily Mail
Ref: At least five people are killed, buildings shake and hundreds flee their homes after powerful 7.5-magnitude earthquake rocks Mexican state known for its coffee and triggers a tsunami warning
Photo: Reuters, AFP, Getty Images, AP Crd : Popular
0 comments:
Post a Comment