Sunday, June 21, 2020

သတိ။ မြန်မာပြည်မှာ ကိုဗစ်တတိယလှိုင်းလာနိုင်တယ်

ကိုဗစ်၁၉ဟာ လှိုင်း၃လှိုင်းနဲ့ လာတာပါ။ ပထမလှိုင်း - လူနာစတွေ့တယ်။ လူတွေသိပ်ကြောက်ကြတယ်။ ပစ္စည်းတွေလုဝယ်ကြတယ်။
လက်တွေဆေးကြ၊mask တွေတပ်ကြတယ်။ Maskတွေရှား၊ဈေးတွေထောင်တက်သွားတယ်။
Stay home တယ်။ အိမ်တွေပိတ်၊အလုပ်တွေပိတ်။
နည်းနည်းကြာလာတော့ပျင်းလာတယ်။ ဘယ်လောက်ကြာမှာလဲ၊ဘာတွေဖြစ်လာမွာလဲ ဆိုတာ တွေမစဉ်း စားတော့ဘူး။ သွေးအေးသွားကြတယ်။ လက်ဖက်ရည်ဆိုင်တွေကခိုးရောင်းလို့ ခိုးထိုင်ကြတယ်။ Mask တွေစချွတ်လာကြတယ်။ လက်မဆေးကြတော့ဘူး။ လူနည်းနည်းချင်းစီ စုလာကြတယ်။Mask တပ်၊လက်ဆေးပြီးဆိုင်ပါဆယ်လာဝယ်ရင်တောင် လူထူးလူဆန်းလိုကြည့်လာကြတယ်။ ပထမလှိုင်းကိုအထိုက်အလျောက်ထိန်းပြီးပြည်တွင်းကူးစက်သူတွေမတွေ့ရသလောက်ဖြစ်လာတော့လမ်းပေါ်လူအေတာ်စည်နေပြီ။ ဘီယာဆိုင်လူပြည့်။ အနှိပ်ခန်းပြန်စ။
ဒုတိယလှိုင်းလို့ခေါ်နိုင်တဲ့ ပြည်တော်ပြန်တွေ ပြန်လာတယ်။ အစိုးရကအတွေ့အကြုံရပြီဆိုတော့ Plan က စနစ်ကျသွားပြီ။ ကူးစက်မှု့မရှိ။ပိုးတွေ့များပေမယ့်Qထားသူတွေပဲမို့ပြည်သူအားလုံးက တို့နိုင်ငံကကိုဗစ်ကိုထိန်းနိုင်လေပြီလို့မှားယွင်းစွာတွေးသူတွေများလာပြီ။ ပထမလှိုင်းအပြီးလောက် လူတွေလှုပ်ရှားတာထက်ပိုလှုပ်ရွားလာပြီ။ခပ္ခြာခြာမေနြကေတာ့။Maskမတပ်၊လက်မဆေး။
အခု တတိယလှိုင်းစဖို့အလားအလာကတော့ စားသောက်ဆိုင်တွေ ရုံးတွေ ကားတွေ ဈေးတွေ ကျောင်းတွေ ပြန်ဖွင့်ပြီ။ ဘတ်စ်ကားတွေပြည့်၊လိုင်စင်သက်တမ်းတိုးတွေ၊ ဘာညာသင်တန်းတွေဖွင့်။ Maskကိုစစ်တဲ့နေရာကလွဲရင်ကျန်အချိန်မှာ မေးမှာပဲချိတ်ပါတယ်။ရုံး/ဈေး တစ်ခုခုသွားတယ်။ Mask တပ်တယ်။
အဖျားတိုင်းတယ်။အထဲရောက်တာနဲ့maskကိုမေးချိတ်ပြီးစကားပြောတယ်။
ကျန်းမာရေးဌာနကလည်းပြန်ဖွင့်မယ့်လုပ်ငန်းအမျိုးအစားအပေါ်မူတည်ပြီးကိုဗစ်ရောဂါပိုး ကူးစက်မှုမှကာကွယ်ဖို့လမ်းညွှန်ချက်တွေ၊အမိန့်တွေထုတ်ပေမယ့် လိုက်နာသူက ရှားပါတယ်။ ကြောက်စိတ်တော်တော်နည်းနေပါပြီ။ဒီအချိန်ကကြောက်ဖို့သတိထားဖို့အလွန်လိုအပ်ချိန်ပါ။
ကိုဗစ်၁၉ ဟာဘယ်တော့မှပျောက်ကွယ်မသွားဖူးလို့ကမ္ဘာကခန့်မှန်းပြီးသားပါ။
ကာကွယ်ဆေးနဲ့ကုသဆေး ရမှသာရပ်တန့်နိုင်မှာပါ။လမ်းပေါ်ထွက်ဖို့၊အလုပ်လုပ်ဖို့ကကျန်းမာရေးဌာနကမှတ်ထားတဲ့ စည်းကမ်းတွေကိုသာ အတိအကျ လိုက်နာပါ။
ဒါကြောင့်တစ်ယောက်နဲ့တစ်ယောက်ခပ်ခွာခွာနေပါ။ Mask တပ်ပါ။
ဆပ်ပြာနဲ့ရေနဲ့လက်ကိုမကြာခဏဆေးပါ။
ဒီအချိန်မှာတစ်ယောက်ပြန်တွေ့ရင်အလုပ်တွေ၊ဆိုင်တွေ၊ကျောင်းတွေ၊ဈေးတွေအားလုံးဟာအစုအဝေးလိုက်ကူးစက်မဲ့နေရာချည်းပဲ။ဒါဆို အလုပ်တွေ ပြန်ရပ်မယ်။လူနာရှာဖွေ၊စစ်ဆေး၊ကုသမှုတွေမနိုင်နင်းဘဲ အလွန်အမင်းကူးစက်မယ်။
First wave နဲ့ Second wave ကြိုးစားခဲ့သမျှ သဲထဲရေသွန်ဖြစ်သွားပါလိမ့်မယ်။
မြန်မာပြည်ဟာကိုဗစ်၁၉မုန်တိုင်းမပြီးသေးဘူး။ မုန်တိုင်းရဲ့အလယ်ဗဟိုကိုရောက်နေတာပါ။
မုန်တိုင်းဗဟိုမှာ လေငြိမ်တယ်။ ရာသီဥတုသာယာတယ်။ ဒါဟာ ပြင်ဆင်ချိန်ပေးတာပါ။
ထပ်မုန်တိုင်းကျဖို့ရှိသေးတယ်။ထပ်ကျရင်တော့ပိုဆိုးပါမယ်။
ဘယ်လိုကာကွယ်ကြမလဲ။
မိမိကိုယ်တိုင်စည်းကမ်းလိုက်နာ၊မိမိပတ်ဝန်းကျင်ကိုပါ စည်းကမ်းလိုက်နာဖို့သတိပေးပါ။
ဒါဟာ ကိုယ့်နိုင်ငံ၊ကိုယ့်လူမျိုး၊ကိုယ့်ဒေသ၊ကိုယ့်မိသားစုအတွက်လုပ်နိုင်တဲ့တာဝန်ပါပဲ။
မလိုအပ်ဘဲအိမ်ပြင်မထွက်ပါနဲ့။
ထွက်ဖို့လိုတိုင်း mask ကို ပါးစပ်နဲ့ နှာခေါင်းမှာတပ်ပါ။
ပြန်လာတိုင်းလက်ကိုဆပ်ပြာနဲ့ရေနဲ့စက္ကန့်၂၀ကျော်ကြာအောင်လမ်းညွှန်ချက်ပါအတိုင်းဆေးပါ။
ဒါတွေကိုကာကွယ်ဆေးထိုးပြီးချိန်အထိလုပ်ရမှာပါပဲ။
crd -ဒေါက်တာနှစ်ဦး
Ref ; Mingalar Bar Myeik

0 comments:

Post a Comment