Friday, June 19, 2020

မော်လမြိုင် မဟာမြိုင်မှာ စျေးကပြန်လာတဲ့အမျိုးသမီးကို ဆိုင်ကယ်နဲ့ဝင်တိုက် ဓါးနဲ့ထိုးပြီး ထွက်ပြေး

19.6.2020 နံနက်(10:20)ခန့် မော်လမြိုင်မြို့ မဟာမြိုင်ရပ် ရာဇာမင်း ဆီဆိုင်ဘေးလမ်းကြားတွင် အမျိုးသမီးတစ်ဦးနှင့် သူ၏ သားဖြစ်သူတို့ စျေးသွားပြီး လမ်းလျှောက်ပြန်လာစဉ် ဆိုင်ကယ်နှစ်စီးဖြင့် လူကို(၂)ကြိမ် ဝင်တိုက်ပစ်ပြီးနောက် ဓါးနဲ့ ထိုးပြီး ထွက်ပြေးသွားမှု ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။
အမျိုးသမီး၏ ဝမ်းဗိုက်နှင့်ဆီးခုံတွင် ဓါးထိုးဒဏ်ရာ ၂ ချက် ရရှိခဲ့ပါတယ်။ ထိုးသွားသည့် ဓါးရိုးတော့ ကျန်ခဲ့ပါသည်။ ဓါးထိုးခံထိ၍ အမျိုးသမီးတစ်ဦး ဒဏ်ရာရပြီး လဲနေကြောင်း အကူအညီ တောင်းခံလာသဖြင့်
မော်လမြိုင် RESCUE လူမှုကယ်ဆယ်ရေးအဖွဲ့မှ လူနာအား လိုအပ်သည်များ ပြုစုဆောင်ရွက်ပေး၍ မော်လမြိုင်ဆေးရုံကြီးသို့ အချိန်မှီ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရပါသည်။
crd-ဇင် မိုး #Myanmar_Online_News
>>zawgyi<<

0 comments:

Post a Comment