Monday, June 8, 2020

တပ်ကသိမ်းယူထားသော လယ်ယာသုံးပစ္စည်းများကို ဆီဆိုင်မြို့တောင်သူများထံ ပြန်ပေး

အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနဲ့ ဆွေးနွေးအပြီး နှစ်ရက်အကြာမှာ တပ်ကသိမ်းဆည်းသွားတဲ့ လယ်ထွန်စက်နဲ့ လယ်ယာသုံးပစ္စည်းတွေ ပြန်ရခဲ့တယ်လို့ ရှမ်းပြည်နယ် ဆီဆိုင်မြို့က မြေသိမ်းခံတောင်သူများ၏ ပြောကြားချက်အရသိရှိရသည်။
တပ်မတော်က သိမ်းဆည်းထားတယ်ဆိုတဲ့ မြေဧက ၂၀၀၀ ကျော်ထဲက နေရာအများအပြားမှာ တောင်သူတွေက ဝင်ရောက်ထွန်ရက်ခဲ့ရာက ထိပ်တိုက်တွေ့ဆုံမှု ဖြစ်ခဲ့ကြပြီးနောက် ဇွန်လ ၄ ရက်နေ့မှာ တိုင်းမှူးက ဒေသခံတွေကို ဆီဆိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးမှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြတာဖြစ်သည်။

0 comments:

Post a Comment