Tuesday, June 9, 2020

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရာတွင် ဓာတ်အားပျောက်ဆုံးမှုများတွင် ဝန်ထမ်းများပါဝင်နေပါက အရေးယူမည်

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရာတွင် ဓာတ်အားပျောက်ဆုံးမှုများနှင့်ပတ်သက်၍ ဝန်ထမ်းများ ပါဝင်နေပါက အရေးယူသွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးကပြောသည်။
ဇွန်လ ၈ ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနရုံးတွင် ကျင်းပပြုလုပ်သည့် အစိုးရ၏ ပြည်သူ့အတွက်စတုတ္ထတစ်နှစ်တာကာလအတွင်းဆောင်ရွက်ခဲ့မှုများနှင့်စပ်လျဉ်းသည့်သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများ၏မေးမြန်းမှုအပေါ် ဦးတင်မောင်ဦးက ထိုသို့ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
“နည်းပညာအရ မသမာမှုတွေမှာလည်း ဝန်ထမ်းတွေကိုစစ်ဆေးတွေ့ရှိရင်လည်း အပြစ်ပေးအရေးယူမှုတွေကို လည်းနှစ်စဉ်ဆောင်ရွက်လျက်ရှိပါတယ်။ ဒါကတော့ Case by Caseပါပဲ။ဝန်ထမ်းတွေပါဝင်ပတ်သက်တယ်ဆိုရင်၊ အများစု ကတော့ဝန်ထမ်းတော့မဟုတ်ဘူး။ တစ်ချို့ ရပ်ကွက်ကျေးရွာမှာရှိတဲ့လူတွေကနေ တရားမဝင် လုပ်တာမျိုးတွေကိုပဲတွေ့ရှိရပါတယ်။ ဝန်ထမ်းပါဝင်ပတ်သက်တာရှိရင်တော့ ဝန်ထမ်းစည်းမျဉ်းစည်း ကမ်းနဲ့အရေးယူသွားမှာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။
တစ်ပြည်လုံးအတိုင်းအတာဖြင့် လက်ရှိတွင် ဓာတ်အားပျောက်ဆုံးမှု ပျှမ်းမျှ ၁၅ရာခိုင်နှုန်းမှ ၁၆ရာခိုင်နှုန်း ဝန်းကျင်ခန့် ရှိ ကြောင်း ဦးတင်မောင်ဦး ကပြောသည်။
ထိုသို့ ဓာတ်အားပျောက်ဆုံးမှုများနေသည့် မြို့နယ်များသို့လည်း စစ်ဆေးရေးအဖွဲ့များဖွဲ့စည်း၍ ကွင်းဆင်းဆောင် ရွက်ခြင်းများပြုလုပ်လျက်ရှိကြောင်းသိရသည်။
Source - The Fifth Wave News

0 comments:

Post a Comment