Sunday, June 21, 2020

၂၀၂၀ရွေးကောက်ပွဲတွင် သမ္မတနှင့်အတိုင်ပင်ခံတို့၏ မဲဆွယ်စည်းရုံးရေးကို ယခင်အစိုးရကာလက ခွင့်ပြုခဲ့သည့်အတိုင်းဆောင်ရွက်နိုင်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူပြောကြား

နိုင်ငံတော်သမ္မတနှင့်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ မဲဆွယ်ကာလအတွင်း ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ယခင်အစိုးရလက်ထက်က တာဝန်ယူခဲ့သည့် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦး တင်အေး ခွင့်ပြုပေးခဲ့သည့်နည်း လမ်းများအတိုင်း ဆောင်ရွက်သွားနိုင်ကြောင်း သမ္မတရုံးပြော ရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဥပမာပေးပြောကြားသည်။
သမ္မတဦးဝင်းမြင့် အပါအ ဝင် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦးမှာ ရွေးကောက်ပွဲဝင် ရောက် ယှဉ်ပြိုင်ရန်ပြောဆိုမှုများ နှင့် သက်ဆိုင်ရာမဲဆန္ဒနယ်များ မှာလည်း ကိုယ်စားလှယ်လောင်း လျှောက်လွှာများတင်ထားသည့် အပေါ် မဲဆွယ်ကာလတွင်မည်သို့ ကြိုတင်စီစဉ်ဆောင်ရွက်မှုများပြု လုပ်ထားသလဲဟု 7Day News သတင်းစာ၏ မေးမြန်းမှုအပေါ် ၎င်းက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
‘‘ရွေးကောက်ပွဲကော်မရှင် ဥပဒေ၊ နည်းဥပဒေအရ လက်ရှိ ရာထူး တာဝန်ယူထားတဲ့အဖွဲ့ တွေအနေနဲ့ ဘယ်လိုလုပ်ရမလဲ ဆိုတာ အရင်ကော်မရှင်ဥက္ကဋ္ဌဦး တင်အေးလက်ထက်မှာ ညှိနှိုင်း ထားတာတွေရှိတယ်။ အခု လည်းအဲဒီအတိုင်းပဲလုပ်ရမှာပဲ’’ ဟု ယမန်နေ့က သမ္မတအိမ်တော် တွင် သတင်းစာရှင်လင်းပွဲတွင် ပြန်လည်ဖြေကြားသည်။
ဆက်လက်၍ ‘‘သူတို့က လက်ရှိနိုင်ငံတော်ရဲ့အကြီးအကဲ တွေဖြစ်တယ်။ အဲဒီအတွက် သူ တို့သွားတဲ့အခါ အဆောင်အ ယောင်တို့၊ လုံခြုံရေးတို့ရှိတယ်။ ဥပမာ-အဲဒီတုန်းကလွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်းက ဇေယျ၀ တီဖြစ်စေ၊ ဖြူးဖြစ်စေ အဲဒီကို သွားတဲ့အချိန်မှာတော့ သူရဲ့အ ဆောင်အယောင်လုံခြုံရေးယာဉ် တွေနဲ့သွားလို့ရတယ်။ တစ်နေရာ ကနေတစ်နေရာ ပုံမှန်အားဖြင့် ခရီးသွားတာကတော့ရတယ်’’ဟု ဦးဇော်ဌေးက ဖြည့်စွက်ပြော ကြားသည်။
ယင်းအဆောင်အယောင် များနှင့် မဲဆွယ်ပွဲများသို့ဆက် လက်သွားရောက်မည်ဆိုပါက သွားခွင့်မရှိသော်လည်း မိမိပိုင်နှင့် ပါတီပိုင်ပစ္စည်းများကိုမူ ခွင့်ပြုခဲ့ သည့်သာဓကများရှိသည်ဟု ဦး ဇော်ဌေးကဆိုသည်။
‘‘အဲဒီအချိန်ကျရင် နိုင်ငံ့ဝန် ထမ်းလည်း သုံးလို့မရဘူး’’ဟု ဦး ဇော်ဌေးက ဖြည့်စွက်ရှင်းလင်း သည်။
အဆိုပါဆောင်ရွက်ချက် များမှာ စည်းကမ်းဥပဒေသီးသန့် ထုတ်ပြန်ဆောင်ရွက်ခဲ့ခြင်းမျိုး မဟုတ်သဖြင့် လက်ရှိပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင် ငံရေးပါတီများ အပေါ်တွင်သာ သက်ဆိုင်မည်ဟု ၎င်းက ဆက် လက် ပြောကြားသည်။
မဲဆွယ်စည်းရုံးရေးကာလ တွင် သမ္မတနှင့် အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့၏ လက်ရှိရရှိထားသော အဆောင်အယောင်ပစ္စည်းများ ဖြင့် မဲဆွယ်စည်းရုံးခွင့်ကို ဥပဒေ အရ တားမြစ်ထားခြင်းမရှိ ကြောင်းကို ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က မီဒီယာများမှတစ် ဆင့်ဖြေကြားထားသည်။
နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်း၊ မြေအိမ်အဆောက်အအုံ၊ ယာဉ်များကို နိုင်ငံတော်အကျိုးအ တွက် ဆောင်ရွက်ရန် တရားဝင် ရရှိထားသူများဆိုလျှင် ရွေး ကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင် သည်ဟု ဦးမြင့်နိုင်က ရှင်းလင်း ဖြေကြားထားသည်။
ပြည်သူ့လွှတ်တော် ရွေး ကောက်ပွဲဥပဒေပုဒ်မ ၁၀(ဌ)တွင် နိုင်ငံတော်ပိုင်ငွေကြေး၊ မြေ၊အိမ်၊ အဆောက်အအုံ၊ ယာဉ်ပစ္စည်း စသည်တို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သော နည်းဖြင့်ဖြစ်စေ ရယူသုံးစွဲသူ (သို့) ယင်းသို့ ရယူ သုံးစွဲသည့်အဖွဲ့အစည်းဝင်ဖြစ် သူတို့ကို ခြွင်းချက်အနေဖြင့် နိုင် ငံတော်ပိုင် ငွေကြေးကို အငြိမ်း စားလစာစရိတ် ငွေကြေးသော် လည်းကောင်း၊ နိုင်ငံတော်အကျိုး အတွက် ဆောင်ရွက်သဖြင့် တ ရားဝင် ထောက်ပံ့ချီးမြှင့်ထား သော လစာ၊စရိတ်၊ငွေကြေးသော် လည်းကောင်း မပါဝင်ကြောင်း ပြဋ္ဌာန်းထားသည်။
နိုင်ငံတော်ပိုင်၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်း ဟုဆိုရာတွင် ဥပဒေတစ်ရပ်ရပ် အရသော်လည်းကောင်း နိုင်ငံ တော်က သုံးစွဲခွင့်ပြုထားသော (သို့) အခကြေးငွေဖြင့် ငှားရမ်း သုံးစွဲသော နိုင်ငံတော်ပိုင်မြေ၊ အိမ်၊ အဆောက်အအုံနှင့်အခန်း များ၊ အခြားအဆောက်အအုံနှင့် အခန်းများ နိုင်ငံတော်ပိုင် လေ ယာဉ်၊ ရထား၊ သင်္ဘော၊မော်တော် ယာဉ်၊ ပစ္စည်းစသည်တို့မပါဝင် ကြောင်း သတ်မှတ်ထားသည်။
နိုင်ငံတော်၏သမ္မတဦးဝင်း မြင့်မှာ မူလမဲဆန္ဒနယ်ဖြစ်သည့် တာမွေမဲဆန္ဒနယ်မှ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်ပတ်သက် ၍ တိတိကျကျထုတ်ပြန်ခြင်း မရှိ သေးပေ။
Crd : 7Day

0 comments:

Post a Comment