Wednesday, June 24, 2020

ကျောင်းဖွင့်ချိန် နောက်ကျ၍ ယခုပညာသင်နှစ်တွင် သင်ရိုးများ လျှော့မည်

ကျောင်းဖွင့်ချိန် နောက်ကျ၍ ယခု ၂၀၂၀-၂၁ ပညာသင်နှစ်တွင် အခြေခံပညာအတန်းအားလုံး၏ သင်ရိုးများကို လျှော့ချ မည်ဟု အခြေခံပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောသည်။
COVID-19 ကြောင့် အခြေခံပညာကျောင်းများ ဖွင့်လှစ်ချိန် နောက်ကျသဖြင့် အတန်းများ၏ သင်ရိုးညွှန်းတမ်းများကို မူလ သတ်မှတ်ထားသည့်အတိုင်း သင်ကြားရန် စာသင်ချိန်မလုံလောက်သဖြင့် သင်ရိုးများလျှော့ချရန် အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီက ဆောင်ရွက်နေပြီဖြစ် ကြောင်း ၎င်းက ဆိုသည်။
‘‘သင်ရိုးဟောင်း၊ သင်ရိုးသစ်အကုန်လုံးကို သင်ရိုးတွေ လျှော့ဖို့ ရှိမယ်။ ဘာဖြစ်လို့လဲဆိုတော့ အထက်တန်းဆင့်တောင်မှ ပုံမှန်ထက် ၅၁ ရက် နောက်ကျပြီးမှ ဖွင့်ရတာ။ ၅၁ ရက် နောက်ကျပြီးမှ ဖွင့်ရတဲ့အတွက်စာ သင်ပတ်က ၂၉ ပတ်ပဲရှိတော့မယ်။ အဲဒီ ၂၉ပတ်အတွင်းမှာလည်းပဲ ကျောင်းတစ်ကျောင်းနဲ့တစ်ကျောင်း မတူဘူး။ တချို့ဆိုရင် အချိန်ပြည့်တက် နိုင်မယ့် ကျောင်းရှိတယ်။ တချို့ကကျတော့ တစ်ပတ်ခြားတက်ရ မယ့်ကျောင်းရှိတယ်။ တချို့ကကျတော့ တစ်ပတ်ခြား နှစ်သုတ်တက် ရမှာ ရှိတယ်။ တချို့က တစ်ပတ် ကိုမှ သုံးရက်ပဲသင်ရတဲ့ အခြေအနေမျိုးရှိတဲ့ကျောင်းတွေ ရှိတော့ ကျွန်တော်တို့ ဆွေးနွေးထားတာက Curriculum Adjustment လုပ်ပေးပါလို့ ပြောထားတော့ သင်ရိုးညွှန်းတမ်းညှိတဲ့အပိုင်းက တော့ အမျိုး သားသင်ရိုးညွှန်း တမ်းကော်မတီကပဲ စီစဉ်ပေးရတာပေါ့’’ဟု ဒေါက်တာတင်မောင် ဝင်းက ပြောသည်။
အတန်းအားလုံးတွင် မူလသတ်မှတ်ထားသည့် သင်ရိုးညွှန်းတမ်းများအနက် ၂၀ ရာခိုင်နှုန်းခန့်ကို ကျောင်းတွင် မသင်ကြားတော့ဘဲ အိမ်တွင်လေ့လာသည့် ပုံစံ ပြောင်းလဲရန် အကြမ်းဖျင်း လျာထားသည်ဟုလည်း ၎င်းက ဆိုသည်။
အတန်းအလိုက်လျှော့ချ မည့် သင်ရိုးညွှန်းတမ်းများနှင့်ပတ် သက်၍ ယခုသီတင်းပတ်အတွင်း ကျောင်းများသို့ အခြေခံပညာဦးစီး ဌာနက ညွှန်ကြားချက်များ ထုတ် ပြန်မည်ဖြစ်သည်။
အစိုးရ အခြေခံပညာ ကျောင်းများအပြင် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီး သင်ပညာရေး ကျောင်းများကလည်း ထိုသင်ရိုးညွှန်းတမ်းများ အတိုင်း သင်ကြားရမည်ဟု ဒေါက်တာတင်မောင်ဝင်းက ဆိုသည်။
‘‘ရှေ့တစ်ပတ်ထဲဆိုရင် တော့ ကျွန်တော်တို့လက်ထဲ အ ကုန်လုံးရောက်လာရင် ကျောင်း တွေကို ပြန်ပြီးဖြန့်ပေးမယ်။ ဖြန့်ပေးလိုက်တဲ့ Curriculum Adjustment ပေါ် မူတည်ပြီးတော့ အစိုးရကျောင်းတွေရော၊ ကိုယ် ပိုင်ကျောင်းတွေရော၊ ဘကကျောင်းတွေရော အဲဒီအတိုင်းပဲသင်ရမှာ’’ဟု ဒေါက်တာတင်မောင်ဝင်းက ပြော သည်။
အခြေခံပညာအထက်တန်း အဆင့် အတန်းနှစ်တန်းကို ဇူလိုင်၂၁ ရက်တွင် စတင်ဖွင့်လှစ်မည် ဖြစ်ပြီး Social Distancing (ခပ်ခွာခွာနေထိုင်ခြင်း)လိုက်နာရန် ကျောင်းတက်ချိန်ကို ပုံစံလေးမျိုး ဖြင့် သတ်မှတ်ဖွင့်ရန် ပညာရေးဝန်ကြီးဌာနက စီစဉ်ထားသည်။
တစ်သုတ်တက်ကျောင်း ၆၁၇ ကျောင်း၊ တစ်ပတ်ခြားတက်ကျောင်း ၂,၄၇၁ ကျောင်း၊ တစ် ပတ်ခြား နှစ်သုတ်တက်ကျောင်း ၂,၄၀၁ ကျောင်း၊ တစ်ပတ်ခြား နှစ်သုတ် သုံးရက်တက်ကျောင်း ၁၄၄ ကျောင်း၊ စုစု ပေါင်း ၅,၆၃၃ ကျောင်းတွင် အထက်တန်းအဆင့် အတန်းနှစ်တန်းကို ဇူလိုင် ၂၁ ရက်တွင် စဖွင့်မည်ဖြစ် သည်။
အထက်တန်းအဆင့် အ တန်းများ ပြန်ဖွင့်သည့်အခြေအ နေကို သုံးသပ်ကာ အခြားအတန်း များ ဆက်ဖွင့်ရန် အဆင်ပြေပါက အထက်တန်းအဆင့် ဖွင့်လှစ်အ ပြီး နှစ်ပတ်အကြာ (သြဂုတ် ဒုတိယပတ်)တွင် အလယ်တန်းအဆင့်အတန်းများ ဖွင့်မည်ဖြစ် သည်။
အလယ်တန်းအဆင့် အ တန်းများ ဖွင့်သည့်အခြေအနေ ကောင်းမွန်ပါက နောက်တစ်ပတ် အကြာ (သြဂုတ်တတိယပတ်)တွင် မူလတန်းအဆင့်အတန်းများ ဆက်ဖွင့်ရန် ပညာရေးဝန်ကြီးဌာန က စီစဉ်ထားသည်။
Ref ; 7Day

0 comments:

Post a Comment