Tuesday, June 9, 2020

မုံရွာတက္ကသိုလ်၌ တက္ကသိုလ်ဝင် စာစစ်နေရသည် ဆရာ/ဆရာမများအတွက် ပညာရေးဝန်ကြီးဌာနမှ ကျွေး သည့် ထမင်းမနပ်၍ စားသောက်ရေး အခက်တွေ့နေဟုဆို

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မုံရွာတက္ကသိုလ်၌ တက္ကသိုလ်ဝင် စာစစ်နေရသည် ဆရာ/ဆရာမများအတွက် ပညာရေးဝန်ကြီးဌာနမှ ကျွေးသည့်ထမင်းမနပ်၍ စားသောက်ရေးအခက်တွေ့နေကြောင်း ဆရာ/ဆရာမအချို့ PeopleMedia ကို ပြောပါတယ်။
“စာစစ်ဆရာ/ဆရာမတွေကို ကျွေးတဲ့ထမင်းဗူးတွေက ထမင်းတွေက မနပ်ဘူး။ ဆန်ကြမ်းတာက စားလို့ရတယ်။ ထမင်းမနပ်တာက စားရတာ အခက်အခဲရှိပါတယ်” လို့ စာစစ်ဆရာမတစ်ဦးက ပြောပါတယ်။
တက္ကသိုလ်ဝင် စာစစ်ဆရာ/ဆရာမများကို တစ်ရက်လျှင် နံနက်၊ နေ့လည်၊ ညနေ စုစုပေါင်း (၃)ကြိမ် ထမင်းဗူး ထောက်ပံ့ပေးနေတာလည်း ဖြစ်ပါတယ်။
COVID-19 ကြောင့် တက္ကသိုလ်ဝင်အတန်းအဖြေလွှာများကို ဆရာ/ ဆရာမများက ဇွန်လ(၅)ရက်နေ့မှ စတင်စစ်ဆေးနေရခြင်းဖြစ်ပြီး စာစစ် ဆရာ/ဆရာမများကို စာစစ်ခအဖြစ် တစ်ရက်လျှင် (၃၀၀၀)ကျပ်ဖြင့် ပညာရေးဝန်ကြီးဌာနက ပြန်လည်ထောက်ပံ့ပေးပါတယ်။
Ref ; People Media

0 comments:

Post a Comment