Wednesday, June 24, 2020

ဇူလိုင်လတွင် သင်္ကြန်အစားထိုး ပိတ်ရက်ပေးမည့် အစီအစဉ် ထိုင်းအစိုးရပယ်ချ

ထိုင်းနှစ်သစ်ကူးရုံးပိတ်ရက်များကို ဇူလိုင်လတွင်ပြန်ခံစားခွင့်ပြုရန်အဆိုကို ထိုင်းအစိုးရက အင်္ဂါနေ့တွင်ပယ်ချခဲ့သည်။
ဇူလိုင် ၅ ရက်နှင့် ၆ ရက်တွင်ကျရောက်မည့် ဗုဒ္ဓဘာသာအားလပ်ရက်များနှင့်ပေါင်းပြီး စုစုပေါင်းရုံးပိတ်ရက် ၅ ရက်ပေးရန် ယခင်က အရာရှိများအဆိုပြုခဲ့သော်လည်း ထိုအကြံကို မသင့်တော်ဟုဆိုကာ ထိုင်းဝန်ကြီးချုပ်ပရာရွတ် ချန်အိုချာက ပယ်ချခဲ့သည်။
ရုံးပိတ်ရက်များကို သုံးရက်တစ်ပြိုင်တည်းပေးမည့်အစား ပိတ်ရက်နှစ်ရက်ကြားညှပ်ပြီး တစ်ရက်စီပိုပေးခြင်းဖြင့်သာ ပြန်ပေးသင့်ကြောင်း ပရာရွတ်ကပြောသည်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မည်ကို စိုးရိမ်သဖြင့် ဧပြီလက ထိုင်းသင်္ကြန်ပွဲတော်ကာလကို ရက်ရွှေ့ခဲ့ပြီး နောက် ထပ်ရက်တစ်ရက်တွင် အစားထိုး၍ ပွဲတော်ပြန်ကျင်းပနိုင်ကြောင်း ထိုင်းခရီးသွားအာဏာပိုင်များက အသိ ပေးခဲ့သည်။
ဇူလိုင်လအတွင်း ဗုဒ္ဓဘာသာ အခမ်းအနားများကို ပုံမှန်ပြန်ကျင်းပသွားမည်ဖြစ်သော်လည်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည့်ညွန်ကြားချက်များကို မဖြစ်မနေလိုက်နာရမည်ဟု ထိုင်းခရီးသွားဝန်ကြီးက အင်္ဂါနေ့တွင်ပြောသည်။
Ref ; MeKong News

0 comments:

Post a Comment