Sunday, June 21, 2020

စီးပွားရေးအဆင်မပြေလို့ ကျော်ကျော်နန္ဒကို သီချင်းရောင်းတာ မဟုတ်ဘူးဆိုတဲ့ တေးသံရှင် တွံတေးစိုးအောင်

ကျော်ကျော်နန္ဒကို ကျွန်တော့်ရဲ့ မြန်မာသံသီချင်းတွေရောင်းလိုက်တာ စီးပွားရေးအဆင်မပြေလို့မဟုတ်ပါဘူးလို့ မြန်မာသံတေးသံရှင် တွံတေးစိုးအောင်က အကုန်သိသတင်းဌာနကို ပြောပါတယ်။
နိုင်ငံကျော် မြန်မာသံတေးသံရှင်ကြီး တွံတေးစိုးအောင်ရဲ့ နာမည် ကြီး လူကြိုက်များခဲ့သော တေးသီချင်းများကို ကျော်ကျော်နန္ဒက ပြန်လည်ဆန်းသစ်သီဆိုမယ် ဆိုတဲ့သတင်းများထွက်ပေါ်လာချိန်မှာ ဝေဖန်မှုများစွာရှိခဲ့တဲ့ အပြင် ကျော်ကျော်နန္ဒကြောင့် မြန်မာသံတေးသီချင်းများ ပျက်စီးသွားမှာကို ပရိသတ်များက စိတ်ပူနေကြတာ လည်းဖြစ်ပါတယ်။
“အမှန်က ကျွန်တော် စီးပွားရေး အဆင်မပြေလို့ မဟုတ်ပါဘူး။ ကျွန်တော်တို့အနုပညာသမားတွေက စီးပွားရေး အဆင်ပြေကြပါတယ်။ ကျွန်တော်က သီချင်းရေးတဲ့သူဖြစ်တော့ သီချင်းလာဝယ်ကြတဲ့အခါမှာ သူ့ကိုယ်တော့ ရောင်းမယ် တခြားသူကိုမရောင်းဘူးဆိုတာမျိုးက မဖြစ်သင့်ပါဘူး။ ရောင်းတဲ့သူနဲ့ ဝယ်တဲ့သူဆိုတာကတော့ လာဝယ်ရင် ရောင်းကြမှာပဲ။ စတိုးဆိုင်ဖွင့်ထားတဲ့သူလိုပေါ့ ဘယ်သူပဲဝင်လာပြီးဝယ်ဝယ် ရောင်းရမှာပဲလေ။ လာဝယ်တဲ့သူကလည်း ဆို ရင် ကောင်းအောင်ဆိုမှာပဲ။ သူ့နာမည်ပျက်အောင်တော့ ဆို မှာ မဟုတ်လောက်ပါ ဘူး။ တီးတဲ့သူကလည်း ကောင်းအောင်တီးမှာပဲ။ သူ ဆိုကြည့်လို့အဆင်ပြေရင်တော့ ထုတ်မှာပေါ့။ မပြေတော့ လည်း သူဘယ်ထုတ်မလဲ။ ကျွန်တော်ကတော့ သူ ကြိုးစားကြည့်ပါစေဆိုပြီး ရောင်းလိုက်တာပါ” လို့ မြန်မာသံ အဆိုရှင်ကြီး တွံတေးစိုးအောင်က အကုန်သိသတင်းဌာနကို ပြောပါတယ်။
ပရိသတ်တွေအနေနဲ့ မြန်မာသံသီချင်းတွေပျက်စီးသွားမှာကို စိတ်ပူပြီး မေတ္တာနဲ့ဝေဖန်ကြတာကို နားလည်ပေမဲ့ ကျော်ကျော်နန္ဒဆိုတာက တခြားသူမဟုတ်ဘဲ တွံတေးသားအချင်းချင်းလည်းဖြစ်သလို တွံတေးစိုးအောင် အောင်မြင်ခဲ့တဲ့အချိန်ကတည်းက လေးလေးစားစားနဲ့အားပေးခဲ့တဲ့ ပရိသတ်တစ်ယောက်လည်းဖြစ်တာကြောင့် လူငယ်လေးကို ကြိုးစားစေချင်တဲ့စိတ်နဲ့ သီချင်းရောင်းလိုက်ခြင်းဖြစ်တယ်လို့ ပြောပါတယ်။
တွံတေးစိုးအောင်မှ ကျော်ကျော်နန္ဒကို ရောင်းလိုက်တဲ့သီချင်းတွေက “ချစ်မိပြီ ဆရာမလေး၊ အသည်းပန်း” အစရှိတဲ့ သီချင်းနှစ်ပုဒ်လို့သိရကာ တွံတေးစိုးအောင်ရဲ့ တခြားသော နာမည်ကြီး လူကြိုက်များ အောင်မြင်ခဲ့တဲ့ မြန်မာသံစစ်စစ် သီချင်းကြီးတွေကိုတော့ မရောင်းခဲ့ဘူးလို့ သိရပါတယ်။
Ref ; Akon Thi Cele

0 comments:

Post a Comment