Saturday, June 20, 2020

မြင်တွေ့ရခဲသော ရှားပါး မီးကွင်းပုံစံ နေကြတ်မှုဖြစ်စဉ် ဇွန် ၂၁ ရက်နေ့တွင် ဖြစ်ပေါ်မည်

ရှားပါးတဲ့ မီးကွင်းပုံစံ နေကြတ်မှုဖြစ်စဥ်ကို အနောက်အာဖရိကမှ အာရေဗီယန်ကျွန်းဆွယ်အထိ၊ အိန္ဒိယနဲ့ တရုတ်တောင်ပိုင်းတို့မှာ မနက်ဖြန် (ဇွန် ၂၁ ရက်) မြင်တွေ့ကြရမယ်လို့ သိရပါတယ်။
မီးကွင်းပုံစံ နေကြတ်မှုဖြစ်စဥ်ကို နှစ်များအတွင်း ပထမဆုံးအကြိမ် မြင်တွေ့ရမှာလည်း ဖြစ်ပါတယ်။ နှစ်စဥ် နေကြတ်မှုဖြစ်စဥ်ဟာ လက ကမ္ဘာနဲ့နေကြား ဖြတ်သန်းသွားချိန်မှာ ဖြစ်ပေါ်လေ့ရှိပါတယ်။ ထိုအချိန်မှာ လနဲ့ကမ္ဘာကြား အကွာအဝေးဟာ နေရောင်ကို အပြည့်အဝ ကွယ်သွားစေတဲ့အထိ နီးကပ်ခြင်းမရှိရာ နေကို ပါးလွှာတဲ့အကွင်းပုံစံဖြင့် မြင်တွေ့နေရနိုင်ပါတယ်။
အဆိုပါ နေကြတ်မှုဖြစ်စဥ်ကို ကမ္ဘာတစ်ဝှမ်း နေရာအနည်းငယ်မှသာ မြင့်တွေ့ရတယ်လို့ ဆိုပါတယ်။ ဇွန် ၂၁ ရက် နေကြတ်မှုဖြစ်စဥ်မှာတော့ ကမ္ဘာရဲ့ မြောက်ဝင်ရိုးစွန်းဟာ နေနဲတည့်တည်အဖြစ်ဆုံး အခြေအနေမှာ ဖြစ်ပေါ်မှာဖြစ်ပြီး ရှားပါးတဲ့ နေကြတ်မှုဖြစ်စဥ်လို့ သိရပါတယ်။
Crd : Duwun

0 comments:

Post a Comment