Wednesday, June 10, 2020

ကူးစက်ခံရသူ တစ်နေ့ ၁၀၀၀ ကျော် ရှိနေပေမယ့် မော်စကိုမြို့က ကိုဗစ်ဆိုင်ရာကန့်သတ် ပိတ်ပင်မှုတွေ အင်္ဂါနေ့မှာ ပြန်ရုပ်သိမ်း

ရုရှားနိုင်ငံမြို့တော် မော်စကိုမြို့မှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကူးစက်ခံရသူ တစ်နေ့ တစ်ထောင်ကျော် ရှိနေဆဲ ဖြစ်ပေမယ့် ဒီရောဂါပိုးမကူးစက်အောင် ထုတ်ပြန်ထားတဲ့ ကန့်သတ်မှုတွေကို အင်္ဂါနေ့ကစပြီး ရုတ်သိမ်းပေးလိုက်ပြီဖြစ်ပါတယ်။
ရုရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် အကူးစက်ခံရသူဟာ ၂၄ နာရီအတွင်း (၈၅၉ ၅) ရှစ်ထောင်ကျော်ရှိနေ တာဖြစ်ပြီး အခုဆို အကူးစက်ခံရသူ ၅ သိန်းနီးပါး (၄၈၅ ၂၅၃) နဲ့ သေဆုံးရသူက ၆ ထောင်ကျော် (၆ ၁၄၂) ရှိနေတယ်လို့ အင်္ဂါနေ့မှာပဲ ရုရှားအာဏာပိုင်တွေက ပြောပါတယ်။ မော်စကိုမြို့တော်မှာတော့ အင်္ဂါနေ့မှာ နောက်ထပ် အကူးစက်ခံရသူက ၁၅၀၀ ကျော်ရှိနေပါတယ်။
>>zawgyi<<
ကူးစက်ခံရသူ တစ်နေ့ ၁၀၀၀ ကျော် ရှိနေပေမယ့် မော်စကိုမြို့က ကိုဗစ်ဆိုင်ရာကန့်သတ် ပိတ်ပင်မှုတွေ အင်္ဂါနေ့မှာ ပြန်ရုပ်သိမ်း
Wednesday, June 10, 2020
ရုရှားနိုင်ငံမြို့တော် မော်စကိုမြို့မှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကူးစက်ခံရသူ တစ်နေ့ တစ်ထောင်ကျော် ရှိနေဆဲ ဖြစ်ပေမယ့် ဒီရောဂါပိုးမကူးစက်အောင် ထုတ်ပြန်ထားတဲ့ ကန့်သတ်မှုတွေကို အင်္ဂါနေ့ကစပြီး ရုတ်သိမ်းပေးလိုက်ပြီဖြစ်ပါတယ်။
အင်္ဂါနေ့ကစပြီး မော်စကိုမြို့အတွက် ကန့်သတ်မှုတွေ ဖြေလျှော့ပေးလိုက်ပြီလို့ မြို့တော်ဝန် Sergei Sobyanin က တနင်္လာနေ့မှာ ကြေညာခဲ့တာပါ။ ဒါကြောင့် လူဦးရေ ၁၃ သန်းလောက် နေထိုင်တဲ့ မော်စကိုမြို့ မှာ နှာခေါင်စည်း တပ်ပြီး ဘယ်ကိုမဆိုသွားလာ နိုင်ပြီဖြစ်ပြီး အရင်ကလို သွားလာခွင့်လက်မှတ်ပြဖို့မလိုတော့ပဲ ကိုယ်ပိုင်ယာဉ်နဲ့ဖြစ်စေ အများသုံးယာဉ်နဲ့ဖြစ်စေ လွတ်လွတ်လပ်လပ် သွားလာနိုင်ပြီဲဖြစ်ပါတယ်။
ရုရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် အကူးစက်ခံရသူဟာ ၂၄ နာရီအတွင်း (၈၅၉ ၅) ရှစ်ထောင်ကျော်ရှိနေ တာဖြစ်ပြီး အခုဆို အကူးစက်ခံရသူ ၅ သိန်းနီးပါး (၄၈၅ ၂၅၃) နဲ့ သေဆုံးရသူက ၆ ထောင်ကျော် (၆ ၁၄၂) ရှိနေတယ်လို့ အင်္ဂါနေ့မှာပဲ ရုရှားအာဏာပိုင်တွေက ပြောပါတယ်။ မော်စကိုမြို့တော်မှာတော့ အင်္ဂါနေ့မှာ နောက်ထပ် အကူးစက်ခံရသူက ၁၅၀၀ ကျော်ရှိနေပါတယ်။

0 comments:

Post a Comment