
ယနေ့ ဇွန်လ ၂၆ ရက် နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနဲ့ တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေး နေ့ အထိမ်းအမှတ်အနေဖြင့် ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးနဲ့ ဓာတုပစ္စည်းတွေကို ရန်ကုန်၊ မန္တလေး၊ ရှမ်းပြည်နယ် နဲ့ တောင်ကြီး မြို့တွေ မှာ ဖျက်ဆီးဖို့ရှိကြောင်း သိရသည်။
အဆိုပါ မူးယစ်ဆေးဝါး ဖျက်ဆီးမှုကို ရန်ကုန်မြို့၊ လှိုင်သာယာ မြို့နယ် ရှိ ရန်ကုန် အနောက်ပိုင်း ကုန်တင်ယာဉ် ရပ်နားကွင်းမှာ ပြုလုပ်မှာဖြစ်ပြီး မီးရှို့ဖျက်ဆီးမှုမှာ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံ အောက်ပိုင်းဒေသတွေမှာ ဖမ်းဆီးရမိခဲ့တဲ့ ဘိန်း ၄၆ ကီလို ကျော်၊ ဘိန်းဖြူ ၂၃ ကီလိုကျော်၊ စိတ်ကြွ ရှုးသွပ်ဆေးပြား ၄၇ သန်းခန့်၊ အိုက်စ် ၂,၉၈၂ ကီလိုကျော်၊ ဘိန်းစာမှုန့် ၃,၀၄၂ ကီလိုခန့်၊ ကတ်တမင်း ၅၁၅ ကီလိုကျော် အပါအဝင် မူးယစ်ဆေးဝါး ၂၆ မျိုးနဲ့ ဓာတုပစ္စည်း ၂ ၊ စုစုပေါင်း တန်ဖိုး မြန်မာ ငွေကျပ် ၂၀၈.၈၇ ဘီလီယံ (အမေရိကန် ဒေါ်လာ ၁၄၄ သန်းကျော်) ဖိုး ရှိတယ် လို့ အစိုးရ သတင်းထုတ်ပြန်ချက်တွင် ပါရှိကြောင်း သရှိရပါသည်။






0 comments:
Post a Comment