Tuesday, June 23, 2020

ဟိမဝန္တာနယ်စပ်တွင် အငြင်းပွားနေသော အိန္ဒိယနှင့်တရုတ်နှစ်ဘက်တပ်များ ပြန်လည်ဆုတ်ခွာရန် သဘောတူ

ပြီးခဲ့သည့်သီတင်းပတ်က ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် အိန္ဒိယစစ်သား ၂၀ သေဆုံးခဲ့ပြီးနောက် အငြင်းပွားနေသောနယ်စပ်မှ စစ်တပ်များကို ပြန်လည်ရုပ်သိမ်းရန် အိန္ဒိယနှင့် တရုတ်စစ်တပ် တပ်မှူးများက သဘောတူခဲ့ကြသည်ဟု အိန္ဒိယအစိုးရသတင်းရင်းမြစ်က အင်္ဂါနေ့ (ဇွန် ၂၃) တွင် ပြောကြားခဲ့သည်။
နှစ်ဖက်စလုံးအနေဖြင့် တင်းမာမှုများကို လျှော့ချမည့် အစီအမံများကို သဘောတူညီခဲ့ကြသည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Zhao Lijian က ဘေဂျင်းတွင် ပြောကြားခဲ့သည်။
နောက်ဆုတ်ရေးအတွက် နှစ်ဖက်အပြန်အလှန် သဘောတူညီခဲ့ကြသည်ဟု တနင်္လာနေ့က ၁၁ နာရီ နီးပါးကြာ နယ်စပ်ရှိ တပ်မှူးများ အကြားတွေ့ဆုံမှု၏ ရလဒ်ကို အိန္ဒိယသတင်းရင်းမြစ်က ပြောကြားသည်။
ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း တရုတ်ဘက်မှ ၄၀ ဦး သေဆုံးသည်ဆိုသော လက်ရှိ မီဒီယာများက ဖော်ပြနေမှုနှင့် ပတ်သက်၍ သတင်းအမှားများ ဖြစ်ကြောင်း တရုတ်ဘက်ကဆိုသည်။
တရုတ်သည် ဇွန်လ ၁၅ ရက်က နှစ်ဖက်စလုံးမှ သေနတ်များ အသုံးပြုခြင်းမရှိသော်လည်း သံတုတ်များ၊ ကျောက်တုံးများဖြင့် အပြန်အလှန်တိုက်ခိုက်ခဲ့ကြရာ သေဆုံး၊ ဒဏ်ရာရရှိမှုကို တရုတ်ဘက်က ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
ပြီးခဲ့သည့်အပတ်က Galwan ချိုင့်ဝှမ်းရှိ တိုက်ပွဲသည် ဆယ်စုနှစ်ငါးခုကျော်အတွင်း အသေအပျောက်အများဆုံး ဖြစ်ခဲ့သည်။
ပြီးခဲ့သည့် ဆွေးနွေးပွဲများတွင် တရုတ်ပိုက်နက်အတွင်း အိန္ဒိယ၏ တည်ဆောက်နေမှုများ အားလုံးကို ရပ်တန့်ရန် တရုတ်က တောင်းဆိုခဲ့သည်။
အလားတူ နယ်စပ်တွင် ဖြန့်ကျက်ထားသော စစ်တပ်များကို ရုပ်သိမ်းရန်လည်း တရုတ်ကို အိန္ဒိယက တွန်းအားပေးခဲ့သည်။
Ref; CNA
Crd : Isee

0 comments:

Post a Comment