Tuesday, June 16, 2020

တမူးမြို့နယ်တွင် အမည်မသိအမျိုးသား ၂ ဦးမှ လက်နက်ငယ်ဖြင့် လာရောက်ပစ်ခတ်ခဲ့သဖြင့် အမျိုးသမီး ၂ ဦးဒဏ်ရာရရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့ပြည်သူ့ဆေးရုံ၌ ဇွန် ၁၅ ရက် ညပိုင်းတွင် အမျိုးသမီး ၂ ဦး သေနတ်မှန်ဒဏ်ရာများဖြင့် ရောက်ရှိနေကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ကြည့်ရှုစိစစ်ရာ ခမ်းပတ်မြို့၊ အမှတ်(၁)ရပ်ကွက်နေ ဒေါ်ကျိန်လော့နမ်(ဘ)ဦးကျင်ထန်နှင့် မဝုန်ညင်းကျိန်(ဘ)ဦးမန်ခန့်ထန်တို့ဖြစ်ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ခမ်းပတ်မြို့၊ အမှတ်(၁)ရပ်ကွက်နေ ဦးဌေးအောင်(ဘ)ဦးစံငြိမ်းသည် ဇွန် ၁၅ ရက် ည ၉ နာရီခန့်တွင် ၎င်းင်း၏နေအိမ်၌ တီဗွီကြည့်နေစဉ် နေအိမ်ရှေ့ကွန်ကရစ် လမ်းအတိုင်း အရှေ့မှအနောက်သို့ ဆိုင်ကယ်မောင်းနှင်လာသည့် အမည်မသိ အမျိုးသား ၂ ဦးအနက်မှ နောက်မှလိုက်ပါလာသူက လက်နက်ငယ်ဖြင့် ၂ ချက်ပစ်ခတ်ပြီး မောင်းနှင် ထွက်ပြေးသွားခဲ့ရာ နေအိမ်ရှေ့ဝရန်တာခုံတန်းပေါ်၌ ထိုင်၍စကားပြောဆို နေသော ၎င်း၏ဇနီးဖြစ်သူ ဒေါ်ကျိန်လော့နမ်(ဘ)ဦးကျင်ထန်နှင့် အိမ်နီးချင်းဖြစ်သူ မဝုန်ညင်းကျိန် (ဘ)ဦးမန်ခန့်တို့ ၂ ဦးတွင် လက်နက်ငယ်ထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်း သိရှိရ သည်။
အဆိုပါ ဒဏ်ရာရရှိသူ ၂ ဦးအား ခမ်းပတ်မြို့ပြည်သူ့ဆေးရုံမှတစ်ဆင့် ကလေးမြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရှိရသည်။
crd-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး #Myanmar_Online_News
>>zawgyi<<

0 comments:

Post a Comment