Tuesday, June 23, 2020

မြဝတီတွင် နေအိမ်အတွင်း မိချောင်း ၃ ကောင် အလှမွေးထားသူအား ဖမ်းဆီး

ကရင်ပြည်နယ် မြဝတီမြို့နယ်တွင် မိချောင်း ၃ကောင်ကို နေအိမ်တွင်းအလှမွေးမြူထားသူ ၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။
ယမန်နေ့က မြဝတီမြို့ အမှတ်(၄)ရပ်ကွက်၊ မဟာစည်လမ်းရှိ နေအိမ်(၁)အိမ်တွင် မိချောင်းသားပေါက်များ သိုလှောင်ထားကြောင်း သတင်းအရ တာဝန်ရှိသူများက သွားရောက်စစ်ဆေးရာ အဆိုပါနေအိမ်၌ အသက် ၃၀ နှစ်အရွယ် ရဲအောင်လင်း (မြစ်ကြီးနားမြို့နေသူ) အပါအဝင် စုစုပေါင်း ၄ ဦးကိုတွေ့ရှိရပြီး နေအိမ်ခြံဝင်းအတွင်းစစ်ဆေးရာ နေအိမ်ရှေ့ ခြံစည်းရိုးထောင့်တွင် အစိမ်းရောင်ကော်ဖုန်းဖြင့်ထည့်ထားသော တရားမဝင် မိကျောင်း (၃) ကောင်အားတွေ့ရှိရခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့မှ သိရသည်။
ယင်းကြောင့် မြဝတီမြို့နယ်သစ်တောဦးစီးဌာနသို့ အပ်နှံခဲ့ပြီး အဆိုပါနေအိမ်တွင်တွေ့ရှိသူ (၄)ဦးအား မြဝတီမြို့ နယ်သစ်တောဦးစီးဌာနမှူးရုံးသို့ ခေါ်ဆောင်၍ စစ်ဆေးခဲ့ကြောင်း သိရသည်။
မြဝတီမြို့ နယ်သစ်တောဦးစီးဌာန၏ စစ်ဆေးချက်များအရ အထက်ပါ(၄)ဦးအနက် ရဲအောင်လင်း မှ ၎င်းသည် လွန်ခဲ့သောတစ်ပတ်နေ့က ထိုင်းနိုင်ငံ မဲဆောက်မြို့ သို့ အလည်အပတ်သွားစဉ် မဲဆောက်မြို့ချေးအတွင်းမှ အဆိုပါမီကျောင်း(၃)ကောင်အား (၁)ကောင်လျှင် ထိုင်းဘတ်ငွေ(၁၅၀၀)ဖြင့် အလှမွေးမြူရန်အတွက် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး မိကျောင်းများမှာ ၎င်းပိုင်ဆိုင်သော မိကျောင်းများဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်ဟု သိရသည်။
ယင်းကြောင့် မိချောင်း ၃ ကောင်၏ပိုင်ရှင် ရဲအောင်လင်းအား ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်း သိမ်းရေး နယ်မြေများကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ-၃၉(၂)ဖြင့် အမှုဖွင့် ဖမ်းဆီးထားကြောင်း သိရသည်။

သတင်း- ကိုဝင်းဇော်(မြဝတီ)

0 comments:

Post a Comment