Tuesday, June 16, 2020

ကတ်ရှ်မီးယားဒေသတွင် တရုတ်တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားပြီး အိန္ဒိယတပ်ဖွဲ့ဝင် ၃ ယောက် သေဆုံး

ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ကတ်ရှ်မီးယားဒေသက လာဒါ့မှာ တရုတ်တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားပြီး အိန္ဒိယ တပ်ဖွဲ့ဝင် ၃ ယောက်သေဆုံးခဲ့ပါတယ်။
အခုသေဆုံးမှုတွေဟာ အင်အားကြီးနှစ်နိုင်ငံကြား ပြီးခဲ့တဲ့ဆယ်စုနှစ်တွေအတွင်း ပထမဆုံးဖြစ်ပါတယ်။
နှစ်ဖက်က အကြီးတန်းစစ်တပ်အရာရှိတွေက အခြေအနေပြေလျော့ဖို့ အစည်းအဝေးလုပ်နေတယ်လို့ အိန္ဒိယ စစ်တပ်ဘက်ကပြောပေမဲ့ အသေးစိတ်တွေကိုတော့ ထုတ်ပြောတာမျိုးမရှိသေးပါဘူး။ တစ်ဖက်သတ်အရေးယူမှုတွေမလုပ်ဖို့ ဒါမှမဟုတ် ပြဿနာပိုမဖြစ်စေဖို့ အိန္ဒိယကိုတိုက်တွန်းပြီး တရုတ်နိုင်ငံ ဘက်က တုံ့ပြန်လိုက်တယ်လို့ ရိုက်တာသတင်းအေဂျင်စီကဖော်ပြပါတယ်။
အိန္ဒိယဘက်ကတော့ သတင်းထောက်တွေကို ဖြစ်ရပ်အကြောင်း အချက်အလက်တွေပိုပေးမယ်လို့ မျှော်လင့် ရပါတယ်။
Ref :PeopleMedia #Myanmar_Online_News
>>zawgyi<<

0 comments:

Post a Comment