Friday, June 26, 2020

စက်မှုဇုန်ရှိတဲ့ မြို့နယ်တွေမှာ အလုပ်သမားကိုယ်စားပြု တစ်သီးပုဂ္ဂလကိုယ်စားလှယ်များ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် အလုပ်သမား၊လယ်သမားများကြုံတွေ့နေရတဲ့ အခက်အခဲတွေကို လွှတ်တော်အတွင်းတိုက်ရိုက်ဆွေးနွေးပြောဆိုနိုင်ရန် အလုပ်သမားအများဆုံးနေထိုင်တဲ့ စက်မှုဇုန်မြို့နယ်များတွင် အလုပ် သမားကိုယ်စားပြုတစ်သီးပုဂ္ဂလိက ကိုယ်စားလှယ်များရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမယ်လို့ သတင်းရရှိပါတယ်။
"ပြည်သူလွှတ်တော်၏အမျိုးသားလွှတ်တော်၊တိုင်းဒေသကြီးလွှတ်တော်မှာကျွန်တော်တို့အဖွဲ့ချုပ်တွေ အလုပ်သမားတွေကိုကိုယ်စားပြုပြီးမှ ပြိုင်ဖို့ရှိတယ်။ဝင်ပြိုင်မဲ့လူတွေကအလုပ်သမားရေးရာတွေကျွမ်းကျင်ပြီးလုပ်သမားဥပဒေတွေကျွမ်းကျင်တဲ့သူတွေဖြစ်တယ်။အဓိကဝင်ပြိုင်မဲ့နေရာတွေကတော့ အလုပ်သမားတွေအများစုရှိတဲ့ စက်မှုဇုန်ရှိတဲ့နေရာတွေကဝင်ပြိုင်မယ်’လို့ မြန်မာနိုင်ငံစက်မှုလက်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားများသမဂ္ဂအဖွဲ့ချုပ် (MICS)ရဲ့ အထွေထွေအတွင်းရေးမှူးချုပ်ဦးသက်နှင်းအောင်က Myanmar Labour News ကို ပြောပါတယ်။
အစိုးရ အနေဖြင့် အလုပ်သမားအရေးနှင့်ပတ်သက်လျှင် အားပေးမှုနည်း ပါးခြင်း ၊ ဖိနှိပ်မှုများရှိနေခြင်း တို့ ကြောင့် ယခုကဲ့သို့ အလုပ်သမားကိုယ်စားပြု ကိုယ်စားလှယ်များရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ယခင်ကျင်းပခဲ့တဲ့၂၀၁၀ရွေးကောက်ပွဲနဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲများတွင် အလုပ်သမားကိုယ်စားလှယ်များအဖြစ်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းမရှိဘဲ ယခု၂၀၂၀ရွေးကောက်ပွဲတွင် ယခုကဲ့သို့ ဝင်ရောက် သွားမယ်လို့ သိရပါတယ်။
"ကျွန်တော်ကတော့လှိုင်သာယာအရှေ့ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မြေကနေဝင်ရွေးဖို့စာရင်းတင်သွင်းထားတာပေါ့။ကျွန်တော်တို့အနေနဲ့ရှေ့ရွေးကောက်ပွဲ တွေတုန်းက ဥပမာ၂၀၁၅မှာဆို ကြံခိုင်ရေးနဲ့ NLDမှာ အာဏာရှင်စနစ်ကိုမကြိုက်တဲ့အတွက် အပြောင်လဲတစ်ရပ်အနေနဲ့အလုပ်သမားတွေရော လယ်သမားတွေရော အကုန်လုံးတစ်ခဲနက် မဲထည့်ခဲ့ကြတယ်။ကျွန်တော်တို့ကိုယ်တိုင်အလုပ်သမားသမဂ္ဂတွေ လယ်သမားသမားသမဂ္ဂတွေ CSO ကိုယ်စားပြု အဖွဲ့တွေကကို NLDအတွက်မဲဆွယ်ပေးခဲ့ကြတယ်။ NLDအစိုးရတက်လာတဲ့အခါ ကျွန်တော်တို့လယ်သမား အလုပ်သမားတွေနဲ့နီးစပ်မှုရှိတဲ့NLDကိုယ်စားလှယ်အလွန်နည်းပါတယ်ဒါကြောင့်ဒီဘက်သက်တမ်းမှာအလုပ်သမားလယ်သမားတွေအတွက်ပြဋ္ဌာန်းတဲ့သပဒေတွေထဲမှာ တရားမျှတမှု နည်းပါးတာတွေ့ရတယ်။အခုလက်တွေ့မှာမဲပေးထားတဲ့အစိုးရ မဲပေးထားတဲ့ဝန်ကြီး မဲပေးထားတဲ့လွှတ်တော်ကိုယ်စားလှယ်တွေ့နဲ့တွေ့ရဖို့ခက်ခဲတယ်။အဲဒါကြောင့်လွှတ်တော်ထဲမှာ အလုပ်သမား၊လယ်သမားကိုယ်စားပြုတဲ့လူတွေက ဘယ်သူဘဲအာဏာရရ လယ်သမား အလုပ်တွေနဲ့ပတ်သက်တာတိုက်ရိုက်တင်ပြမယ်ဆိုပြီးဝင်ပြိုင်ကြမှာပါ"အလုပ်အရေးကူညီဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေဦးဌေးကပြောပါတယ်။
အဆိုပါအလုပ်သမား ကိုယ်စားပြု တစ်သီးပုဂ္ဂလိကကိုယ်စားလှယ်များ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရာတွင် အလုပ်သမားသမဂ္ဂအဖွဲ့များ ၊လယ်သမားသမဂ္ဂများ၊CSO အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ဝိုင်းဝန်းပူပေါင်းဆောင်ရွက်သွားကြမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
Crd : MyanmarLabourNews

0 comments:

Post a Comment