Wednesday, June 10, 2020

မူဆယ်မြို့က အတည်ပြုလူနာ ၂၃၁နှင့် အနီးကပ်ထိတွေ့သူအားလုံးတွင် ပိုးမတွေ့ အဖြေထွက်ရှိ

မူဆယ်မြို့က ကိုဗစ်-၁၉ အတည်ပြုလူနာအမှတ် ၂၃၁ ဖြစ်တဲ့ မုံးပေါ်ကျေးလက်ကျန်းမာရေးမှူးနဲ့ အနီးကပ်ထိတွေ့သူနဲ့ဆက်စပ်သူအားလုံးတို့မှာ ပိုးမတွေ့ အဖြေထွက်ရှိတယ်လို့ မူဆယ်ခရိုင်ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။
အတည်ပြုလူနာအမှတ် ၂၃၁နဲ့ အနီးကပ်ထိတွေ့သူ(၂၀)ဦးကို ဦးစွာပေးပို့စစ်ဆေးရာမှာ ပို့မတွေ့အဖြေထွက်ရှိပြီး နောက်ထပ်ဆက်စပ်သူ(၁၃၄)ဦးကို ထပ်မံ ပေးပို့စစ်ဆေးရာမှာလည်းအားလုံး ပိုးမတွေ့ရတဲ့အဖြေ ထွက်ရှိတယ်လို့ မူဆယ်ခရိုင်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာဟန်နိုင်စိုးက အတည်ပြုပြောပါတယ်။
အတည်ပြုလူနာဟာ အသက်(၃၀)အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး မုံးပေါ် ဒေသမှာ ၂၀၂၀ခုနှစ်၊ မတ်လကစတင်ပြီး ကျန်းမာရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေတာပါ။
လူနာအမှတ် ၂၃၁ဟာ ဓာတ်ခွဲနမူနာရယူတဲ့အချိန်အထိ ရောဂါလက္ခဏာမပြဘူးလို့ ဆိုပါတယ်။
ကျန်းမာရေးဝန်ထမ်းဖြစ်တာကြောင့် ကျန်းမာရေးဝန်ထမ်းတွေ၊ ပရဟိတအသင်းအဖွဲ့တွေနဲ့ သူနေထိုင်တဲ့ရပ်ကွက်က အိမ်နီးချင်းတွေအပါအဝင် ထိတွေ့သူတွေ များပြားတာဖြစ်တယ်လို့ ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးကိန်မိုင်က ရှင်းပြပါတယ်။
အဲဒီကျန်းမာရေးမှူးဟာ တရုတ်နိုင်ငံက ပြန်လာသူတစ်ဦးကို ဆေးကုသပေးရာကနေ ကူးစက်ခံရတာဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမနေထိုင်တဲ့ မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်က နေအိမ်ကို လော့ဒေါင်းပြုလုပ်ထားပါတယ်။
Ref ; One News Myanmar

0 comments:

Post a Comment